Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

အသေးစား ငွေရေးကြေးရေး လုပ်ငန်းမှ ထုတ်ချေးငွေ ပမာဏ ကျပ် ၆၉၀၉၇.၀၄ သန်း ထုတ်ချေးထား


အသေးစား ငွေရေးကြေးရေး လုပ်ငန်းမှ ယခုလက်ရှိ ထုတ်ချေးငွေ ပမာဏဟာ ငွေကျပ် ၆၉၀၉၇.၀၄ သန်း ထုတ်ချေး ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုလက်ရှိ အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီး အဖွဲ့အစည်းများ အနေနဲ့ INGO ၁၂ ဖွဲ့ ၊ သမ၀ါယမ ၅၈ ဖွဲ့၊ ပြည်ပ ကုမ္ပဏီ ၂ ဖွဲ့၊ ပြည်တွင်း ကုမ္ပဏီ ၅၄ ဖွဲ့ အပါအ၀င် စုစုပေါင်း ၁၄၂ ဖွဲ့ ရှိတာ ဖြစ်ပါတယ်။ မတည်ငွေရင်း အနေနဲ့ ငွေကျပ် ၂၀၉၇၇.၁၇ သန်းရှိပြီး၊ စုဆောင်းငွေ ပမာဏမှာ ၁၀၂၀၀.၄၃ သန်း ထုတ်ချေးပေး ထားတာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောင်ရွက်မှုမှာ မြို့နယ်ပေါင်း ၁၆၇ မြို့နယ်၊ ရပ်ကွက်ပေါင်း ၁၄၄၇ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၂၃၅၉ အုပ်စု၊ ရှိကျေးရွာပေါင်း ၆၂၄၀ မှာ လုပ်ငန်း ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆောင်ရွက် နေတဲ့ financial Inclusion for National Development (FIND) စီမံကိန်း အရ လက်ရှိ ကျင့်သုံးနေတဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ ညွှန်ကြားချက်များ ကိုလည်း နိုင်ငံတကာ စံနှုန်းနဲ့ အညီ ဖြစ်စေရေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့