Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 20 May 2013

ကိုရီးယား ဘာသာ အရည်ချင်းစစ် CBT စာမေးပွဲ ဒုတိယအကြိမ် စစ်ဆေး သွားမည်


ကိုရီးယား ဘာသာ အရည်ချင်းစစ် အထူးသီးသန့် စာမေးပွဲ CBT (Computer base test) ကို ဒုတိယအကြိမ် စစ်ဆေး သွားမှာဖြစ်ပြီး စာမေးပွဲ ဖြေဆိုဖို့
အတွက် လျှောက်လွှာ တွေကို တော့ မေလ ၂၇ ရက်နေ့မှ စတင်ကာ လက်ခံ သွားမှာ ဖြစ်တယ်လို့  အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို စစ်ဆေးမယ့် CBTဟာ ကိုရီးယား နိုင်ငံမှာ တရားဝင် သွားရောက် အလုပ် လုပ်ကိုင်ပြီး ၃ နှစ် အကြာမှာ ပြည်တွင်းသို့ တရားဝင် ပြန်ရောက် လာသူတွေ အတွက် စစ်ဆေး ပေးတဲ့ အထူး သီးသန့် စာမေးပွဲ ဖြစ်ပါတယ်။

စာမေးပွဲ စစ်ဆေးမှု ကိုတော့ လာမယ့် ဇွန်လ အတွင်းမှာ စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ် စစ်ဆေးခဲ့တဲ့ CBT စာမေးပွဲ ကိုတော့ ပြီးခဲ့တဲ့ မတ်လမှာ လျှောက်လွှာ တွေကို စတင် လက်ခံခဲ့ပြီး မေလ အတွင်းမှာ စစ်ဆေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ အကြိမ် စစ်ဆေး ခဲ့ပြီးဖြစ်တဲ့ ကိုရီးယား ဘာသာ အရည်ချင်းစစ် CBT ကိုတော့ ၀င်ရောက် ဖြေဆိုခဲ့သူ ၁၀၀ ကျော်ခန့် ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့