Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

ပြည်တွင်း ရွှေဈေးနှုန်း အနည်းငယ် ကျဆင်းလာ


အခုရက်ပိုင်း ကမ္ဘာ့ရွှေ ဈေးကွက်မှာ ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာ တာကြောင့် ပြည်တွင်း ရွှေဈေးကွက် ရွှေဈေးနှုန်း များလည်း တဖြည်းဖြည်း
ကျဆင်း လာတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။ ပြည်တွင်းမှာ ရွှေဈေး အနည်းငယ် ကျဆင်း လာတာကြောင့် ရွှေဆိုင်များ မှာလည်း ရွှေအ၀ယ် လိုက်နေတယ်လို့ သိရပါတယ်။

ယခုလက်ရှိ ကမ္ဘာရွှေဈေး ကျဆင်းနေ ပေမယ့်လည်း ပြည်တွင်း ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးထက် ငွေကျပ် တန်ဖိုးသောင်း ကဏန်း ခန့်မြင့်မားနေပြီး အဲ့ဒီလို ဈေးနှုန်းမြင့် နေမှုဟာလည်း ကုန်သည်တွေ အတွက် အမြတ်နဲ့ သယ်ယူ ပို့ဆောင်ရေး စရိတ်တွေကြောင့် ဖြစ်တယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့က ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေဈေးနှုန်း အနေနဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၇၁၁၅၀၀ ကျပ် ၀န်းကျင်ခန့် ရှိခဲ့ပြီး  မေလ ၁၈ ရက်နေ့ စနေနေ့ မှာတော့ ငွေကျပ် ခြောက်သိန်း ကိုးသောင်း ကိုးထောင့်သုံးရာ ၀န်းကျင်နဲ့၊ ကမ္ဘာ့ရွှေဈေးမှာ အမေရိကန် ဒေါ်လာ ၁၃၅၉ နှုန်း ၀န်းကျင်ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေဈေး အနည်းငယ် ကျဆင်း လာပေမယ့်လည်း ဒေါ်လာဈေးဟာ ပြည်တွင်းမှာ တဖြည်းဖြည်း မြင့်တက် လျက်ရှိနေတာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့