Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

နိုင်ငံတော် ဘဏ္ဍာငွေ အတွက် အခွန်ငွေ ကောက်ခံရရှိမှုမှာ လျာထားမှုထက် ငွေကျပ် သန်းပေါင်း နှစ်သိန်းနီးပါး ပိုမိုကောက်ခံ ရရှိခဲ့


အကောက်ခွန် ဦးစီး ဌာနမှ နိုင်ငံတော် ဘဏ္ဍအတွက် အခွန်ငွေ ကောက်ခံ ရရှိမှုမှာ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း လျာထားမှုထက် ငွေကျပ်
သန်းပေါင်း နှစ်သိန်းနီပါး ပိုမို ကောက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။ အကောက်ခွန် ဦးစီးဌာန အနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း နိုင်ငံတော် ဘဏ္ဍာ အတွက် အခွန်ငွေ ကောက်ခံရရှိမှု လျာထားချက်မှာ ငွေကျပ် သန်းပေါင်း နှစ်သိန်း တစ်သောင်းကျော် လျာထားတာ ဖြစ်ပေမယ့် အမှန်တကယ် ရရှိမှုမှာ ငွေကျပ် သန်းပေါင်း လေးသိန်း နှစ်ထောင်ကျော် ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အကောက်ခွန် ဦးစီးဌာန အနေနဲ့ ဘဏ္ဍာရေး နှစ်အလိုက် နိုင်ငံတော် ဘဏ္ဍာ အတွက် အခွန်ငွေ ကောက်ခံ ရရှိမှုမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ကောက်ခံရရှိငွေ သန်းပေါင်း နှစ်သိန်း ရှစ်သောင်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကောက်ခံ ရရှိငွေ သန်းပေါင်း တစ်သိန်း ငါးသောင်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အကောက်ခွန် ဦးစီးဌာန အနေနဲ့ လုပ်ငန်းရှင်များ အဆင်ပြေစေဖို့ အတွက် လေဆိပ် ကုန်လှောင်ရုံ၊ အကောက်ခွန် လုပ်ငန်းများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံမှာ ယခုနှစ် ဧပြီလမှ စတင်ပြီး ဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့