Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

ဆောက်လုပ်ရေး လုပ်ငန်းတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေ


မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ချက် အရ ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု တွေမှာ ဆောက်လုပ်ရေး လုပ်ငန်းဟာ ရင်းနှီးမြှုပ်နှံမှု
ပမာဏ အများဆုံး ဖြစ်ပြီး ငွေကျပ် သန်းပေါင်း သိန်းခုနစ်သိန်းကျော် ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများမှာ ရင်းနှီး မြှုပ်နှံ ထားမှုဟာ ပြည်တွင်း လုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံမှု ပမာဏရဲ့ ၂၅.၇၁ ရာခိုင်နှုန်း ရှိပါတယ်။

ဒါ့အပြင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု တွေမှာ ထုတ်ကုန် ထုတ်လုပ်မှုတွေ လုပ်ငန်း တွေဟာ ရင်းနှီးမြှုပ်နှံဖို့ ငွေကျပ် သန်းပေါင်း သိန်းနှစ်သောင်း လေးထောင်ကျော် ရင်းနှီးမြှုပ်နှံ ထားပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ၂၄.၀၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ ပြည်တွင်း လုပ်ငန်းရှင်တွေမှ ရင်းနှီးမြှုပ်နှံမှု တွေဟာ ဆောက်လုပ်ရေးနဲ့ ထုတ်ကုန် ထုတ်လုပ်မှု လုပ်ငန်းတွေ အပြင် ရေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ သယ်ယူ ပို့ဆောင် ရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်းစတဲ့ အရာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ စက်မှု လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများနဲ့ အခြား လုပ်ငန်းတွေ အပါအ၀င် လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြည်တွင်းရဲ့ ရင်းနှီး မြှုပ်နှံမှု တွေဟာ ယခု နောက်ပိုင်းမှာ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့