Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

အာဖရိကသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့မှုမှာ ကြန့်ကြာမှုများ ရှိနေ


ပြည်တွင်းရှိ ဆန်တန်ချိန် တစ်သိန်းကို မေလဆန်းမှ စတင်ပြီး အာဖရိကသို့ တင်ပို့လျက် ရှိပါတယ်။ ဒါပေမယ့် ယခုအခါ မှာတော့ စက်မှုဇုန် များကို လျှပ်စစ်
ဓာတ်အားပေး မှုများ ရပ်ဆိုင်း ထားပြီး ဆန်စက်များ လည်ပတ်မှု မရှိတဲ့ အတွက်  တင်ပို့မှုများ ကြန့်ကြာ လျက်ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ မှာတော့ ဆန်တင်ပို့မှုများ အနေနဲ့ အာဖရိက နိုင်ငံ အပြင် အီးယူ နိုင်ငံများဖြစ်တဲ့ စပိန်၊ ပေါ်တူဂီ၊ ရုရှား နိုင်ငံများကို ဆန်တင်ပို့မှုများ ပြုလုပ် လျက်ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်း အတွင်း ကလည်း ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ငါးထောင် တင်ပို့ပြီး ဖြစ်ပါတယ်။ ယခုလက်ရှိ အာဖရိက နိုင်ငံသို့ ဆန်တင်ပို့ ရာမှာတော့ တန်ချိန် အနည်းငယ်သာ တင်ပို့နိုင်သေးပြီး  ဆန်စက်များကို လျှပ်စစ် ဖြတ်တောက် ထားမှုကြောင့် လည်ပတ်မှု မရှိတာ ဖြစ်ပါတယ်။ ယခုလက်ရှိ ပြည်တွင်း ဆန်ဈေးနှုန်းတွေ အနေနဲ့ တရုတ်နိုင်ငံမှ ၀ယ်ယူမှု နည်းပါး လာတဲ့ အတွက် အနည်းငယ် ကျဆင်းနေပြီး စပါးဈေးမှာ တင်း ၁၀၀ ကို ကျပ် သုံးသိန်းမှ သုံးသိန်းခွဲကြား ရှိတာ ဖြစ်ပါတယ်။ ဆန်တင်ပို့ရာ မှာတော့ ယခုလက်ရှိ အာဖရိက၊ စပိန်၊ ရုရှား စတဲ့ နိုင်ငံများ အပြင် အင်ဒိုနီးရှား နိုင်ငံသို့လည်း တင်ပို့နိုင်ရန် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့