Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

Express Money ငွေလွှဲ ၀န်ဆောင်မှု နေရာများ ထပ်မံတိုးချဲ့ ဆောင်ရွက် သွားမည်


ဒူဘိုင်းနိုင်ငံ အခြေစိုက် Express Money ငွေလွှဲပြောင်း ၀န်ဆောင်မှု လုပ်ငန်းဟာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံ အနှံ့အပြား နေရာရှိ နေရာ ၁၈၀ မှာ
ဝန်ဆောင်မှုများ ရရှိအောင် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Express Money ဟာ ပြည်ပနိုင်ငံတွေမှ ပြည်တွင်းသို့ငွေသားများ လွှဲပို့ခြင်း၊ ငွေသားကို ဘဏ်စာရင်းသို့ လွှဲပြောင်း ပေးခြင်း စတဲ့ ၀န်ဆောင်မှု ၂ မျိုးကို ယခု လက်ရှိမှာ ပြည်တွင်း ဘဏ်နှစ်ခုနဲ့ ပူးပေါင်းပြီး စတင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ပြည်တွင်းရှိ ဘဏ်နှစ်ခု ကတော့ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်နဲ့ အသေးစား၊ အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးရေး ဘဏ်တို့ ဖြစ်ပါတယ်။ ယခုလို ကမ္ဘာအနှံ့ငွေလွှဲပြောင်း ပေးတဲ့ ၀န်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Express Money နဲ့ ပြည်တွင်းမှ ဘဏ်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့ အတွက် နိုင်ငံရပ်ခြားမှာ သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တွေဟာ ပြည်တွင်းရှိ မိသားစုများ ထံသို့  တရားဝင် ငွေလွှဲပို့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ငွေလွှဲပေးပို့မှု တွေကိုတော့ ကမ္ဘာအနှံ့မှာ ရှိတဲ့ Express Money နဲ့ ကိုယ်စားလှယ် နေရာ တစ်သိန်း ခုနှစ်သောင်း တို့မှာ ပြုလုပ်နိုင်မှာ ဖြစ်ပြီး လွှဲပို့တဲ့ ပမာဏ ကိုလည်း မြန်မာနိုင်ငံမှ ချက်ချင်း ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့