Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

မင်းအခုတွေ့ တာ အချစ်စစ်မဟုတ်ဘူး

တီးတိုးငိုရှိုက်နေတဲ့ လူတစ်ယောက်ရဲ့  ကျောပြင်ကို တစ်စုံတစ်ခုရဲ့  နူးညံ့စွာ နှစ်သိမ့်ပွေ့ ဖက်လိုက်ခြင်းခံလိုက်ရ
သကဲ့သို ထိတွေ့ မှုကြောင့် ငိုရှိုက်နေရာမှ ရပ်တန့် ကာ ထိုတစ်စုံတစ်ရာထံ မော့ကာ ကြည်မိလိုက်ပြီး တိုးတိတ်စွာ
မေးလိုက်၏........။

“နင်ဘယ်သူလဲ”

“ငါလား …ငါက အချစ်လေ”

ဘာ….အချစ်ဟုတ်လား… တော်ပြီ…ငါ မင်းနဲ့  မတွေ့ ချင်ဘူး ..ငါ ခုပဲ မင်းကြောင့်ကြေကွဲလာတာ.. မင်းကြောင့်
ငါ့ရင်တစ်ခုလုံးကြေမွလာခဲ့ရတာကွ”


နင်ငါ့ကြောင့် ကြေကွဲခံစားနေရတာ မဟုတ်ပါဘူးကွာ…. နင်ခံစားနေရတာ နင့်ချစ်သူကြောင့်ပါ”


“ငါ့ချစ်သူကြောင့်ဆိုတာ နင့်ကြောင့်ပဲလေ..နင်နဲ့  ပတ်သက်မိခဲ့လို့ ….။ အစကတည်းကနေ နင်နဲ့ သာ မပတ်သက်ပဲ
ကင်းကင်းနေနိုင်ခဲ့ရင် ငါ ခုလို ကြေကွဲခံစားနေရမှာ မဟုတ်ဘူး”


မင်းတို့ လူတွေ အဲ့ဒါကြောင့် ခက်တာပေါ့ကွ..။ မင်းတို့ ဟာ မင်းတို့ ဆန့် ကျင်ဘက်လူသားအချင်းချင်း လိမ်လှည်
လှည့်ဖြာချင်လဲ အချစ်ဆိုတဲ့ ငါ့ကိုပဲ လက်ညှိုးထိုး အပြစ်ရှာတတ်ကြတယ်..။ မင်းတို့ ချင်း သစ္စာမဲ့ကြလဲ အချစ်ဆို
တဲ့ ငါ့ကိုပဲ အပြစ်တင်ကြတယ်..။ မင်းတို့ ချင်း ရက်စက်ကြရင်လဲ အချစ်ဆိုတဲ့ ငါ့ကိုပဲ စွဲချက်တင်တတါကြတယ်…။
မင်းတို့ ချင်း လွမ်းဆွေးကြရင်လဲ အချစ်ဆိုတဲ့ ငါ့ကြောင့် အလွမ်းဒဏ်ရာတွေရလာတယ်ဆိုပြီး အချစ်ဆိုတဲ့ ငါ့ကိုပဲ
ထိုးနှက်ချင်ကြတယ်..။ အမှန်တကယ်မင်းတို့ ကို ငါပေးခဲ့တာ အချစ်သန့် သန့်ပါကွာ..။



ဒါကို မင်းတို့ က သန့် သန့် ရှင်းရှင်း အသုံးအပြုပဲ ငါ့ကို အရောင်တွေ အမျိုးမျိုးဆိုးကြတယ်..။ မင်းတို့  ဆိုးလိုက်တဲ့
အရောင်တွေကိုပဲ မင်းတို့ က ပြန်ပြီးအပြစ်တင်ကြတာပါကွာ..။ တကယ်တော့ ငါ့အပြစ်မဟုတ်ပါဘူးကွာ..။
ငါ့မှာ အငိုလဲ မရှိဘူး..အလွမ်းလဲ မရှိဘူး..။ သစ္စာဖောက်တာတွေ လှည့်စားတာတွေလဲ မရှိဘူး…။
ဂုဏ်ဓနတွေ မရှိဘူး…။ အာဃာတတွေလဲ မရှိဘူ..။ ငါပေးတဲ့ အချစ်က အချစ်ပါပဲ..။ အချစ်သန့် သန့် နဲ့  နွေးထွေး
တဲ့ ရင်ခုန်မှုတွေပါပဲ…။ ငါပေးတဲ့ အချစ်ကို သန့် သန့် လေးပဲ စားသုံးကြည့်စမ်းပါကွာ..။ ချိုမြိန်တာကို ခံစားရမှာပါ..။


မင်းတို့ တွေ ပြောနေတဲ့စကား အချစ်က ဝေဒနာတွေပေးတယ်.. အချစ်က ဘက်လိုက်တယ်.. အချစ်က
လှည့်စားတတ်တယ်..။ အချစ်က နာကျင်စေတဲ့..။

အချစ်က………………….

အချစ်က ……………

အချစ်က.. ………… ဆိုတဲ့ အတွေးတွေကို ဖယ်လိုက်စမ်းပါကွာ…။ အချစ်ကို အပြစ်လို့ မမြင်ပဲ အချစ်ကို အချစ်လို့ 
ပဲသီးသန့် မြင်ပြီး အချစ်ရဲ့  အရသာကို ခံစားကြည့်စမ်းပါကွာ..။



မင်းခုတွေ့ နေရတာ အချစ်မဟုတ်သေးဘူး..။ ဒါကြောင့် မင်း ငိုကြွေးနေရတာ..ခံစားနေရတာ ..မင်းအခုတွေ့ 
တာ အချစ်စစ်မဟုတ်ဘူး… မင်း အချစ်စစ်ကို ရှာဖွေလိုက်ပါ…. ။မင်းရှေ့ မှာ တစ်နေ့ အချစ်စစ်က
ရောက်လာပါလိမ့်မယ်..။


မင်း တစ်နေ့  အချစ်စစ်ကို ထိုက်ထိုက်တန်တန်ကြီးတွေ့ မှာပါကွာ..။ အဲ့ဒီအချိန်ကြရင်လေ မင်းခုခံစားနေရတဲ့
နာကျင်ခံစားမှုက မင်းအတွက်ပျက်လုံးသဖွယ်ဖြစ်သွားခဲ့မှာပါ..။ မင်းခု ခံစားနေတာတွေ ရပ်လိုက်တော့ကွာ..
ဒီနေ့ က စပြီး မင်းနဲ့  ထိုက်တန်တဲ့ အချစ်စစ်တစ်ခု ရောက်လာမဲ့အချိန်ကိုသာ စောင့်နေလိုက်..။ သူ့ အတွက်
မင်းဘက်ကလဲ အချစ်စစ်နဲ့  ချစ်နိုင်ဖို့  ကြိုတင်ပြင်ဆင်ထားလိုက်စမ်းပါကွာ…။


ဒီထက်ပိုပြီးခံစားမနေနဲ့တော့နော်…။ မင်းကံကောင်းပါစေလို့  ဟောဒီက အချစ်က ဆုတောင်းပေးခဲ့ပါတယ်…။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့