ဒီအတိုင်းပဲဆင်းလာခဲ့ 
ဆူးခင်းတဲ့ လမ်းမှာ
ဘ၀နွမ်းထည်း
ဆွဲမသွင်းရက်ခဲ့ လို့ 
ဒို့ နှလုံးသားကိုစတေး
တစ်ပါးသူကိုပုံပေးပြီး
ဝေးဝေးကနေချစ်သူအခြေကို
နွေလိုပူလောင်တဲ့ ခံစားမှု
ဘ၀တစ်ခုလုံးကိုအပွန်းအပဲ့ ခံ
သံစဉ်မမှန်တော့ တဲ့ နှလုံးသားမြည်သံတွေက
တန်ပြန်လာမဲ့ ချစ်သူ့ သတင်းစကား
နေ့ တိုင်းနားစွင့် ခဲ့ ရတာ
ဘ၀ခြင်းခြားခဲ့ စဉ်ကစလို့ ပါပဲလား....ချစ်သူရယ်........
အယူအဆတွေမတူမျှ
ဆူကြပူကြနဲ့ 
စခြင်းမကောင်းတဲ့ အိမ်ထောင်ရေး
ခပ်ဝေးဝေးကကြား
နားခါးလှပေမဲ့ 
ငှဲ့ ကွက်လို့ အကြည့် ခက်
စွက်ဖက်ပိုင်ခွင့် မရှိတဲ့ ငါ
ရင်နာစရာသတင်း
ကြင်နာခြင်းအလျင်းမရှိတော့ တဲ့ အရေး
တွေးလို့ သာပူပေးရင်း
ဆွေးမြေ့ ခြင်းတွေကြားက
နောင်တတရားတွေနဲ့ 
စေတနာအစစ်က
ဝေဒနာဖြစ်ရပြီလား
စဉ်းစားနေရတာတွေများလို့ 
အတွင်းသားတွေလှိုက်စားလို့ လည်း
ကွဲကျေနေရပါပြီချစ်သူရေ..............
လူ့ သဘောလူ့ သဘာဝ
အခုပြောအခုရတာမဟုတ်သလို
နောက်ကိုဆုတ်လို့ လည်းမဖြစ်တဲ့ အခြေမှာ
လစ်ဟာနေတဲ့ ပြဿနာ
နင့် ဟာနင်ညှိယူပါလား
ကြားဝင်လို့ မရတဲ့ ငါ့ အဖြစ်
နင့် အချစ်တွေငါမှမပိုင်တော့ လေတာပဲဟယ်...............
ရှေ့ ဆက်တိုးမရ
ဆိုးလှတဲ့ အကြောင်း
ပေါင်းလို့ မှမဖြစ်
ဆက်လို့ မှအချစ်မခိုင်
ပြစ်နိုင်ခဲ့ မယ်ဆိုရင်လည်း
ခပ်မွဲမွဲငါ့ ဘဝ
နုံချာချာမလှပပေမဲ့ 
အစစပြည့် ဝတဲ့ ငါ့ အချစ်
အပြစ်ကင်းအနာမပါ
မင်းအတွက်သာထာဝရမို့ 
ဒို့ ဖက်ကအချိန်မဆိုင်း
ဒီအတိုင်းသာမင်းဆင်းခဲ့ တော့ ချစ်သူရေxxxxxxx
No comments:
Post a Comment