Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 6 June 2012

တကယ်ချစ်နေပြီဆိုရင်......."

တကယ်ချစ်နေပြီဆိုရင်......."
(၁) ဘယ်လောက်ပဲ အိပ်ချင်နေပါစေ…အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင်
သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ်…သူ့ကို ချစ်မိသွားလို့ပါပဲ….
(၂) အားလပ်တဲ့အချိန်လေးတွေမှာလည်း သူစိတ်ဝင်စားအောင်
ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးတွေ
ရှိနေတယ်ဆိုတာနဲ့တင်သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါ…
(၃) သူနဲ့ပတ်သတ်တဲ့အရာအားလုံးကို နေ့တိုင်း နေ့တိုင်း
ဂရုစိုက်အလေးထားတယ်ဆိုရင်လည်း သေချာပါတယ် သူ့ကိုချစ်နေလို့ပါပဲ….
(၄) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ…ကိုယ့်ဖုန်းကိုဖွင့်ထားပီး သူ့ဆီက
မက်ဆေ့ခ်ျကိုစောင့် ဒါမှမဟုတ် ဖုန်းကိုစောင့်နေတယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်နေလို့ပါပဲ…..
(၅) သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာ ကျေနပ်တယ်ဆိုရင်
သေချာတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ…..
(၆) အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်
ကိုယ့်မျက်စိအောက်က သူပျောက်သွားတာနဲ့
အပူတပြင်းလိုက်ရှာနေတယ်ဆိုရင်သေချာတယ်…သူ့ကိုချစ်နေလို့ပါပဲ…
(၇) သူဖျားနေရင် ထိခိုက်ဒဏ်ရာရလာရင် လိုတာထက် ပိုစိုးရိမ်မိရင် သေချာတယ်
သူ့ကိုချစ်နေလို့ပါ….
(၈) တခြားသူအပေါ်သူစေတနာပိုမိလို့ သူ့အပေါ် မနာလို သ၀န်တိုဖြစ်မိနေရင်
သေချာတယ် သူ့ကိုချစ်နေလို့ပါ….
(၉) သူရဲ့ချိုမြမြ အပြုံးလေးတွေကိုကြည့်ပီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
လိုက်တွန့်နေရင် သေချာတယ် သူ့ကိုချစ်သွားလို့ပါပဲ…….
(၁၀) သူ့အကြောင်း သူ့သတင်းတွေကို အမြဲနားစွင့်တတ်နေရင်လည်း
သူ့ကိုချစ်မိလို့ပါပဲ….
(၁၁) သူပေးတဲ့လက်ဆောင်လေးတွေ အမှတ်တရသိမ်းထားတယ်ဆိုရင်လည်း
သူ့ကိုချစ်မိနေလို့ပါပဲ….
(၁၂) သူနဲ့Chat နေရင်း သူ Offline ဖြစ်သွားမှာ စိုးရိမ်နေရင်
သေချာတယ်…သူ့ကိုချစ်မိနေလို့ပါပဲ…..
(၁၃) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိရနေရင်လည်း
သေချာပါတယ်….သူ့ကိုချစ်မိနေလို့ပါပဲနော်……………….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့