Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 25 June 2012

အိန္ဒိယ ပညာ ရှင်များ အာနန္ဒာ ဘုရား ပြုပြင်ခြင်း ပြန်လည် ဆောင်ရွက်မည်

Archaeological Survey of India အဖွဲ့မှ ပညာရှင် ငါးဦးပါသော အဖွဲ့သည် ပုဂံ
အာနန္ဒာ ဘုရား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း များအား မေလအတွင်း လာရောက် ဆောင်ရွက်ခဲ့ပြီးနောက် လုပ်ငန်းများကို စက်တင်ဘာလတွင် ဆက်လက် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
ပုဂံ အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား အိန္ဒိယနိုင်ငံမှ ရှေးဟောင်း သုတေသနပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မေလ ၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ အာနန္ဒာဘုရားတွင် တောင်ဘက် အာရုံခံစောင်းတန်း ဝဲ/ယာ ရှိပျက်စီးနေသော ကြမ်းခင်းများ ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်အာရုံခံ အလယ်မုခ်ခုံးများတွင် ထုံးသင်္ကန်းများ ကပ်လှူထားမှုကြောင့် ထုံးသားလွှာများ ဖုံးအုပ် ပျောက်ကွယ်နေသော ပုဂံခေတ် နံရံဆေးရေးများအား ဓာတုဗေဒနည်းဖြင့် ပြန်လည် ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နံရံဆေးရေး ပန်းချီရှိသော အရှေ့ဘက်အာရုံခံနံရံများ ကွဲအက်ခြင်းကိုလည်း ဓာတုဗေဒနည်းဖြင့် ဖာထေးပေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ ရှေးဟောင်းသုတေသန ပညာရှင်များ အဖွဲ့သည် လာမည့် စက်တင်ဘာလတွင် ထပ်မံလာရောက်ကာ အာနန္ဒာဘုရား၏ မိုးလျှောများ ပြုပြင်ခြင်း၊ ဘုရားပတ်လည်ရှိ ရင်ပြင်ကျောက်ပြားများ ပြန်လည်ခင်းခြင်း၊ နံရံဆေးရေး ပန်းချီရှိသော နံရံမျက်နှာပြင်များကို သန့်စင်ထိန်းသိမ်းခြင်း၊ အင်္ဂတေပန်းများ၊ ကျောက်ဆစ်လက်ရာများ၊ စဥ့်ကွင်းများအား သန့်စင် ထိန်းသိမ်းခြင်း၊ သစ်သားထည်များအား သန့်စင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့