Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 8 June 2012

ချစ်သူနဲ့ဆင်မပြေဘူးလား....ဒီစာလေးဖတ်ကြည့်ပါနော်

အော်...အချစ်...အချစ်...တဲ့အော်လိုင်းပေါ်မှာတောမီးပမာပျံ့နှံနေတယ်။တချို့ကအချစ်ကြောင့်ပျော်ရွှင်ရတယ်
၊တချို့က...ချစ်ကြောင့်ငိုနေရတယ်။အော်ကြုံတုန်းပြောရဦးမယ်..ဖေ့ဘုတ်ပေါ်မှာတောင်အချစ်ကြောင့်ငိုနေတဲ့ပုံလေး
တွေလည်းတင်ထားသေးတယ်။ကြံကြံဖန်ဖန်ဘယ်သူကလှတယ်လို့ပြောလဲမသိ...ငိုတာလှတာဗေလုဝကလွဲရင
်ဘယ်သူမှရှိမည်မထင်။(တိုက်ဆိုင်မှုရှိရင်..SORRY နော်)
၁။.......ချစ်သူတွေဆင်မပြေတာ....ဘာကြာင့်လဲ?ဟုတ်ကဲ့ပါ.....သံသယတွေ၊ထင်မြင်လွဲမှားမှုတွေ၊မနာလိုသ၀န်တိုမှုတွေနဲ့ဖုန်းလွှမ်း
နေလို့ပါပဲ..။အဲဒီလိုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ……တယောက်နဲ့တယောက်နားလည်မှုတွေ၊ပွင့်လင်းမှုတွေလိုအပ်တယ်။
ဒါကြောင့်ကိုယ့်ချစ်သူနဲ့ဘယ်ကိစ္စမဆို….ဆွေနွေးတိုင်ပင်ပြီးမှလုပ်ပါ။ဆွေနွေ့းမှုများလေလေမှားယွင်းနည်းပြီး….သံသယဆိုတဲ့မှန်တိုင်း
တွေလည်းမတိုက်နိုင်တော့ပါဘူးဗျာ။သံသယဆိုတဲ့အရာဟာချစ်သူတွေအတွက်တော့….ကြောက်စရာကောင်းဆုံး(နာဂစ်မှန်တိုင်းတခုလို)
ပါပဲ။
၂။…….နောက်တခုက….ဘာမှမဟုတ်တဲ့ပြသာနာကိုပုံကြီးမချဲ့ပါနဲ့။သူ့ဘက်ကမှားရင်တောင်..ကိုယ့်ဘက်ကစပြီးတော့တောင်းပန်ပါ
သူမှားတာသိလျက်နဲ့ကိုယ့်ဘက်ကစပြီးတောင်းပန်လိုက်ရင်သူကကိုယ်တောင်းပန်တာထက်၃ဆလောက်ပြန်တောင်းပန်လိမ့်မယ်။
ပြီးတော့သူ့ဘက်က..ကိုယ့်ကိုသဘောထားကောင်းတဲ့လူတယောက်လိုမြင်လာပါလိမ့်မယ်။
၃။…..သင်သူ့အကြိုက်ကိုသိပါစေ။သူအကြိုက်ကိုသိမှသူစိတ်ကောက်တဲ့အခါချော့ရတာလွယ်ကူပါတယ်။
၎။……သူ့စိတ်ကိုသင်ခန့်မှန်းနိုင်လား?သင်ချစ်သူဟာဘယ်လိုစိတ်ဓါတ်မျိုးရှိတယ်ဆိုတာသင်သိအောင်ကြိုးစားသင့်တယ်။
၅။……သူအားငယ်တိုင်းသင်ဟာသူ့အတွက်အားဆေးတခွက်ဖြစ်ရဲ့လား?သေသေချာချာစဉ်းစားပါ။
၆။……..အကြောင်းတခုခုကြောင့်သင်စိတ်ညစ်ရင်…..အရက်မသောက်ပါနဲ့၊ပြသာနာအရင်းမြစ်ကိုဘယ်လိုဖြေရှင်းရမလဲလို့
တွေးတောဆင်ခြင်ပါ။သူရင်းတွေနဲ့လည်းတိုင်ပင်၊ဆွေးနွေးပါ။ထင်ရာမစိုင်းပါနဲ့။
၇။……..ကိုယ့်မကြေနပ်ချက်တွေကို…..ပွင့်ပွင့်လင်းလင်းဖွင့်ပြောပါ။ရင်ထဲသိုဝှက်မထားပါနဲ့ကြာရှည်မသိမ်းကောင်းပါ။
၈။……ပြီးတော့မာန်မာနမထားပါနဲ့နိုင်မယူပါနဲ့။သူ့ကိုကိုယ့်ဘက်ကအမြဲလျော့ပေးခြင်းနဲ့ပြုပြင်ပါ။
၉။……သူကိုနာကျင်စေမယ့်စကားလုံးတွေ…..သူမကြီုက်တဲ့ဟာတွေဘယ်တော့မှမလုပ်မိပါစေနဲ့။
၁၀။…..သူ့ကိုချစ်တယ်လို့တဖွဖွပြောပေးပါ။VZ0ဖွင့်ပြီးသီချင်းဆိုပြပါ(သို့မဟုတ်)ကိုယ့်ရဲ့အနှပညာတခုခုနဲ့အမြဲမဟုတ်တောင်မှ..တပါတ်၂ခါလောက်ဖျော်ဖြေပေးပါ။
ချစ်သူနဲ့....ဆင်ပြေကြပါစေဗျာ(တာတီး)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့