ှတန်ဖိုးရှိလှလူ့ဘ၀ အကျိုးရှိစေချင်
သက်ရှိသတ္တ၀ါအားလုံးတို့သည်ရုပ်၊နာမ်နှစ်ခုပေါင်းစပ်မှုပင်ဖြစ်သည်။ရုပ်၊နာမ်နှစ်ခုပေါင်းစပ်မှုဖြစ်တည်ရန်မှာဇာတိ၊ဇရာ၊
ဗျာဓိ၊မရဏနှင့်အညီကျွန်ုပ်တို့လူသားများသည်ဇာတိကြောင့်ပဋိသန္ဓေတည်ကြရပြီး၊ကိုးလလွယ်၊ဆယ်လဖွား၊ဖ၀ါး
လက်နှစ်လုံး၊ပခုံးလက်နှစ်သစ်ဖြင့်လူဖြစ်လာကြကာစက္ကန့်၊မိနစ်၊နာရီ၊ရက်၊လ၊နှစ်ဆီသို့အလီလီပြောင်းလဲလျက်ပျိုပျစ်
နုနယ်အရွယ်မှအစတစတစအိုမင်းရင့်ရော်ပြီးဇရာဘ၀သို့ရောက်ကြရသည်။ထိုမှတဆင့်ဗျာဓိဘ၀နာကြရပြီးနောက်
မရဏသေဆုံးကြရသည်။
ထို့ကြောင့်မွေးဖွားခြင်းအစသည်သေဆုံးခြင်းတွင်အဆုံးသတ်ကြရသည်။ကျွန်ုပ်တို့လူသားများသည်ကံကောင်းခြင်းကြီး
စွာဖြင့်လူ့လောကတွင်လူဖြစ်ကြရပါသည်။ကံကောင်းခြင်းကြီးစွာဟုဆိုရာတွင်ဒုလ္လဘတရားငါးပါးတွင်တစ်ပါးဖြစ်သော
လူ့အဖြစ်ရခဲခြင်းဖြစ်ပါသည်။
မနုဿတ္တဘာဝေါဒုလ္လဘောဟုမြတ်စွာဘုရားဟောတရားနှင့်အညီလူဖြစ်ဖို့အလွန်ပင်ခဲယဉ်းလှပါသည်။
ဥပမာတစ်ခုလေ့လာမှုအရသိရှိရသည်မှာနတ်ပြည်မှအပ်တစ်စင်းနှင့်လူ့ပြည်မှအပ်တစ်စင်းတပြိုင်တည်းပစ်လွှတ်ရာ
တွင်နေရာတစ်ခု၌အပှ်နှစ်စင်းတို့၏ထိပ်ဖျားခြင်းထိတွေ့နိုင်သော်လည်းလူဖြစ်ရန်မှာဤမျှလောက်မလွယ်ကူကြောင်း
မှတ်သားရပါသည်။
ဤသို့ခဲခဲယဉ်းယဉ်းဖြင့်လူ့လောကတွင်လူလာဖြစ်ခြင်းတူပါလျက်အရပ်ရှည်သူ၊အရပ်ပုသူ၊အသားဖြူသူ၊အသားမည်းသူ၊
ပိန်သူ၊၀သူ၊ရုပ်ချောသူ၊ရုပ်ဆိုးသူ၊ဆင်းရဲသူဟူ၍မတူကွဲပြားခြားနားဖြစ်တည်နေကြရသကဲ့သို့တချို့သန္ဓေသားဘ၀မှာပင်
သေဆုံးကြရသည်။တချို့လည်းမီးတွင်းထဲတွင်သေကြရသည်။တချို့လည်းသက်တမ်းမစေ့မီသေကြရသည်။တချို့ကြတော့
လည်းသက်တမ်းစေ့နေထိုင်ကြရသည်။
ဤအကြောင်းအရာအားလုံးတို့သည်အတိတ်ကံ၏အကြောင်းကြောင့်အကျိုးသက်ရောက်မှုများပင်ဖြစ်သည်။
သင်္ခါရလောကတွင်နေထိုင်ကြသောကျွန်ုပ်တို့အားလုံးတို့သည်မမြဲခြင်းတရားကိအစဉ်နှလုံးသွင်း၍လူ့ဘ၀ကိုရှင်သန်ဖြတ်
သန်းကြရာတွင်ပစ္စုပန်နှင့်အနာဂတ်ကောင်းကြိုးကိုကြိုးပမ်းဆောင်ရွက်သွားကြရမည်။ထို့အတူယခုဘ၀ကောင်ကျိုး၊တမလွန်
ဘ၀ကောင်းကျိုးတို့အတွက်ဗုဒ္ဓအလိုကျအဆုံးအမနှင့်အညီမဂ္ဂရှစ်အကျင့်မြတ်တရားဖြင့်အသိနှင့်သတိယှဉ်၍လုပ်ဆောင်ကြမှ
သာလျှင်ရခဲလှသောတန်ဖိုးရှိသောလူ့ဘ၀ကိုကိုယ်စီကိုယ်ငှပိုင်ဆိုင်နိုင်ကြရမည်ဖြစ်သည်။
ထို့ကြောင့်မွေးဖွားခြင်းအစမှသည်သေခြင်းအဆုံးဘ၀နိဂုံးအဆုံးမရောက်သေးခင်ကာလလူ့ဘ၀တခဏတာအတွင်းရှင်
သန်ဖြတ်သန်းကြရာ၌မမြဲခြင်းတရားကိုနှလုံးသွင်းဆင်ခြင်အသိနှင့်သတိယှဉ်ဆင်ခြင်တုံတရားလက်ကိုင်ထား၍ကိုယ်ချင်း
စာစိတ်နှင့်အတူစေတနာ၊မေတ္တာ၊ဂရုဏာ၊ဥပေက္ခာဟူသောဗြဟ္မစိုရ်တရားလေးပါးနှင့်အညီလောဘ၊ဒေါသ၊မောဟ၊မာန၊
ဣဿာ၊မစ္ဆရိယစသည့်ရန်သူ(၆)ပါးကိုတက်နိုင်သမျှပယ်သတ်ကြပြီးမိမိကောင်းကျိုး၊မိမိမိသားစုကောင်းကျိုး၊မိမိပတ်ဝန်း
ကျင်ကောင်းကျိုး၊မိမိဒေသကောင်းကျိုးတို့မှသည်မိမိနိုင်ငံ၊မိမိလူမျိုးတို့၏ကောင်းကျိုးများကိုစွမ်းဆောင်ကြိုးပမ်းဆောင်ရွက်
နိုင်ကြပါစေကြောင်းတင်ပြအပ်ပါသည်။
No comments:
Post a Comment