Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 25 June 2012

٠•●♥˙·٠•●♥˙·٠•●♥ကျမချစ်သော ကဗျာ ˙·٠•●♥˙·٠•●♥˙·٠•●♥"


ကဗျာဆိုတာ.....
ခံစားမှုနဲ့ ရိုးသားစွာပွင့်မှလှတာ....။
ကိုင်းချိုးးပြီးးထိုးးတိုင်းး
ရှင်သန်တဲ့အရာမဟုတ်ဘူးး။။။။။။။။။။။။
အနာဂတ်တွေ ကျပျောက်နေတဲ့ နေ့တွေထဲ
အဆင်မပြေခြင်းတွေသာ အဆင်ပြေလို့
ပျော်ရွှင်ခြင်းတွေ ထုံနေတဲ့ဘ၀နဲ့
အိပ်မက်ကို ခူးယူနေမိတယ်။။။။။။။။။။။။။။။။
ဘယ်လိုပဲ ထုဆစ်ဆစ်
အပွင့်ချင်း အဆင်မတူပေမယ့်
နှလုံးးသားးချင်းး အပွင့်တူပါစေ........။
အသစ်ကို အပြစ်မဖြစ်လာအောင်
အတ္တဖောင် ဖျက်ထားး
ဘ၀အတွက် တို့တွေ ခရီးဆက်ရဦးမယ်လေ။။။။။။။။။။။။။။။။။။
ညကအမှောင်ထဲ တိုးဝင်သွားးပြီးးး
အမှောင်က ညထဲက ပြန်ထွက်လာတယ်..
ရှေ့ခရီးးကို ငေးရီနေတဲ့ စကားးလုံးးတွေကလဲ
ရီဝေေ၀.....မှုန်ဝါးးးဝါးးး.....
သေချာတာတော့. ကဗျာပါမှဖြစ်မယ်....။
ကဗျာကိုတကယ်ချစ်ရင်.......

တန်ဖိုးမသတ်မှတ်မိစေနဲ့..။
ယုံကြည်ချက်နဲ့ သစ္စာတရားအတွက်
ကိုယ်ကျင့်သီလကို မရောင်းစားးမိစေနဲ့...။
အသပြာနဲ့ သိက္ခာအလဲလှယ်ဖို့ ၀န်မလေးးတဲ့သူက
ဘယ်တော့မှ ကဗျာရဲ့အဓိပ္ပာယ်ကိုနားလည်မှာမဟုတ်ဘူးးးးးး။။။။။။။။။။။။။။။
ကဗျာရေးမိတဲ့နေ့တွေမှာ...
အချစ်ဆိုတာကို ဖုတ်ဖတ်ခါထ မေ့သွားးပြီးး ခါချမိတယ်.....
နှလုံးသွေးကြောထဲမှာ အချစ်ရုန်းနှုန်းထက်
ကဗျာတိုးးနှုန်းး ပိုမြင့်လာတယ်။။
...ကဗျာရေရရ....နင့်ကိုငါချစ်မိပြီ......
ရှေ့ဆက်လျှောက်ဖို့လမ်းတွေမှာ
ချစ်သူရှိနေရုံနဲ့ မပြည့်စုံနိုင်တော့ဘူးးးး
ကဗျာရေရရ.......
နင်နဲ့ငါ သံသရာဆုံးထိ
လက်တွဲအတူ ခရီးနှင်ကြပါစို့လားးးးးး။။။။။။။။။။။။။။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့