မထစ်ချုန်းတတ်တဲ့ မိုး။
ထစ်ချုန်းတတ်တဲ့ မိုး။
ပြီးတော့....
အစွန်းနှစ်ပါးလွတ်တဲ့
ကမ္ဘာတစ်ဘက်စွန်းက မိုးလိုပဲ
ကိုယ်မြတ်နိုးမိတာက
သမုဒယလွင်ပြင်မှာ ရွာတဲ့မိုးပါ။
တိတ်တဆိတ်လေး ရွာတယ်။
ငြိမ်သက်စွာ ကြွေတယ်။
လှပစွာ တိတ်ဆိတ်သွားတယ်။
တမူကွဲ ၀ိသေသတွေနဲ့ မိုး ကြောင့်
ပူပင်သောကတွေ တိမ်လိုမှောင်
အနောက်တောင်အရပ်မှာ
အရိပ်အယောင်ပြတဲ့အခါ
မရွာမီကျတဲ့ မိုးစက်တွေနဲ့ အတူ
ရင်နာစွာကျတဲ့ မျက်ရည်စက်တို့ ဝေ
ဘ၀အဆက်ဆက် ဒီမိုးဒဏ်က ဝေးနိုင်စေ................။
No comments:
Post a Comment