ချစ်သူ့ လမ်း
ထားခဲ့ တဲ့ အတိုင်း
သွားနေကျဒီလမ်း
ငါလျှောက်လှမ်းနေဆဲပါ ချစ်သူ
အပြစ်ယူလို့ နင်ကပြေး
ဝေးဝေးမှာနင်ပျော်နေပေမဲ့ 
မခေါ်သာတော့ တဲ့ ငါ့ မှာ
တော်ရာကနေဘဲ
လျှောက်မြဲလမ်းအတိုင်း
ပန်းတိုင်မဲ့ ဒီခရီး
ငါဆက်ပြီးလျှောက်နေဆဲပါဟယ်............
တကယ်တော့ ...
ချိုမြိန်တဲ့ ပျားရည်စက်ကို
ဓါးသွားထက်ပေါ်တင်ခဲ့ တာ
ငါမဟုတ်တာနင်ယုံ
ပုံပြီးချစ်ခဲ့ တဲ့ နင့် အပေါ်
မတော်တဲ့ စိတ်နဲ့ 
အဆိပ်ခတ်တဲ့ အဖြစ်မျိုး
အကျိုးမဲ့ စွာငါလုပ်ခဲ့ ပါ့ မလားဟာ...........
မမှားခဲ့ တဲ့ ငါ....
တောင်းပန်တာလည်းအကြိမ်ကြိမ် စိန်ခေါ်ပြီးမှဘွာခတ်တာ
ငါမလုပ်တတ်ပါဘူး အချစ်ဦးနင့် ကို
စောင့် ကြိုနေခဲ့ တဲ့ ငါ
နင်မလာနိုင်တာသိပေမဲ့ 
ငြိနေတဲ့ သံယောစဉ်ကြိုး
ပြန်လာမှာမမျှော်လင့် ပေမဲ့ 
နင့် အတွက်ခံစားရတဲ့ ဝေဒနာ
ငါ့ မှာမဖြေသာသေးလေပြီမို့ 
ဒီနေရာဒီလမ်းမှာ
ငါလေတစ်ယောက်ထည်း လျှောက်မြဲလျှောက်နေဆဲပါ ချစ်သူရေ............



No comments:
Post a Comment