“ဘ၀ခရီးသွားမိတ်ဆွေသို့”
ဘ၀ခရီးလမ်း............
ပန်းတွေဆိုလည်း မွှေးနေ၏
လမ်းတွေဆိုလည်း ဖွေးနေ၏
အိုခရီးသွား.......
သင့်အား သင့်မာန် ကိုယ်ပိုင်ဟန်ဖြင့်
သင့်ဥာဏ် သင့်စွမ်း အခွင့်လမ်းဖြင့်
ဘယ်ပန်းဖြစ်ဖြစ် ဆင်နိုင်၏
ဘယ်လမ်းဖြစ်ဖြစ် ၀င်နိုင်၏။
သို့သော်အဆွေ....
မွှေးနေသောပန်း မဆင်မြန်းဘဲ
ဖွေးနေသောလမ်း မ၀င်လှမ်းဘဲ
ပန်းအရွေးမှား ၊ လမ်းရွေးမှားက
နောင်တရမည်မလွဲပင်
အချိန်များပင့်ကာနှေးနေမည်ဘ၀တွင်
ဘ၀ခရီးထာဝစဉ်
လမ်းရွေးမမှားကြစေချင်....။
No comments:
Post a Comment