အရယ်အပြုံး အသုံးအနှုန်းတွေ ဆွံ့အ
မြို့ပျက်တစ်ခုရဲ့ လမ်းဆိုတာ
ပြာပူတွေ ခင်းရုံသက်သက်
လွမ်းခွင့်တွေ တငွေ့ငွေ့နဲ့ပေါ့..။
ကောမစ်တွေပဲ စားသုံးချင်ခဲ့တာ
ကောမစ်တွေပဲ စားသုံးချင်ခဲ့တာ
မျက်ရည်တွေကြားမျောနေမှတော့
ချစ်သူရေ နင့်ရဲ့ စွန့်ပစ်ခြင်းကိုပဲ
ငါ တွယ်ကပ်ထားရတယ်..။
လူတောထဲ မျောတတ်ဖို့
လူတောထဲ မျောတတ်ဖို့
ငါတို့ ယုံကြည်ခြင်းတွေ ပံ့ပိုးမယ်ပေါ့
ကျင့်ဝတ်ကိုယ်စီ ကျက်မှတ်ပြီးမှ
တိမ်တွေက လှလှပပ ရပ်တန့်သွားတယ်..။
အဲ့ဒီ့ညနေခင်းမှာ
အဲ့ဒီ့ညနေခင်းမှာ
သစ္စာတရားဟာ လမ်းပျောက်ခဲ့
ခနော်ခနဲ့ ရှုခင်းတွေနဲ့
အသက်ရှူခြင်းဟာလည်း ကျပျောက်ခဲ့...။
No comments:
Post a Comment