ခေါင်းစဉ်မဲ့ ဒဏ်ရာတွေပြိုဆင်း
ငိုရင်း.....ကျန်ခဲ့
အပြုံးရိပ်ထဲက ဒိုင်ယာလောဂ့်
ထိုင်ကာမော့ကြည့်ရင်းလေ....
ဘယ်အမုန်းကြောင့် ငြိုးသလဲကွယ်
မျက်ရည်မိုးလည်း မပြိုရဲ
ဒါပေမယ့် ရင်တစ်ခုလုံးစိုရွှဲ
ဘယ်လိုခေါ်မလဲကွယ် ...
အပြုံးတွေ ပင့်ကာသပ်
ငြင်းရန်ခက်နေလည်းကွယ်
ရင်မှာတော့ ထင်ကျန်ဆဲ
နင်မြင်ရန်မလွယ်ခဲ့ ...
ကောင်းကင်တစ်ခုပျောက်ရှ
နောက်ဘ၀လည်း မကြုံပါရစေနဲ့ 
ကျိန်စာဆိုရင် ပြေပါစေ
ဂလဲ့စားဆိုလည်း ချေပါစေ
နင် ... သာကျေနပ်မယ်ဆိုရင်လေ....
No comments:
Post a Comment