♥ ချစ်သူအနေဝေးနေပေမဲ့
♥ ကိုယ်တို့နှလုံးသားချင်းနီးစပ်နေတယ်နော်…..
♥ အချစ်တစ်ခုကို ရှေ့တန်းတင်ပြီး
♥ ဘ၀နှစ်ခုပေါင်းစပ်ဖို့ဆိုတာ
♥ လွယ်ကူတယ်မထင်ပါနဲ့ချစ်သူ
♥ အချစ်ရှိရုံနဲ့ ပြီးပြည့်စုံတဲ့ဘ၀ဆိုတာ
♥ စိတ်ကူးယဉ်ဆန်တဲ့ နေရာမှာဘဲရှိမယ်
♥ ဘ၀တစ်ခုထူထောင်ပြီဆို
♥ ချစ်သူအားကိုးလောက်တဲ့ စွမ်းအား
♥ ချစ်သူမြတ်နိုးတဲ့ ချစ်ခြင်း
♥ ချစ်သူပျော်ရွှင်မဲ့ အိမ်မက်
♥ ဒါတွေကိုဖန်းတီးနိုင်မှ ဘ၀တစ်ခုဖြစ်လာတာပါချစ်သူ..
♥ အချစ်တစ်ခုတည်းရှိရုံနဲ့
♥ တည်ထောင်ခဲ့တဲ့ ဘ၀ဟာ
♥ တည်တံ့ခိုင်မြဲပေမဲ့
♥ ရေရှည်တည့်တံ့ဖိုဆိုတာ
♥ မဖြစ်နိုင်ဘူးချစ်သူ…..
♥ ဥစ္စာဝတ္တု ပိုင်ဆိုင်မှုရှိမှ
♥ သာယာပျော်ရွှင်တဲ့ဘ၀လေးကို
♥ ပိုင်ဆိုင်ရမှာပါချစ်သူ…
♥ ချစ်သူ…လူတိုင်းထက် မသာတောင်
♥ အများသူငါထက်တော့ သာစေရမယ်ချစ်သူ
♥ လှပသောဘ၀လေးကို ကိုယ်ပိုင်ရပ်တည်မှု
♥ စွမ်းအားနဲ့ ရရှိနိုင်အောင် ကြိုးစားနေပါတယ်ချစ်သူ…
♥ ချစ်သူဘ၀လှရင် ကိုယ့်ဘ၀လှသလိုပါပဲ
♥ ချစ်သူပျော်ရင် ပီတိပြုံးလေးနဲ့ ထိုင်ကြည့်ချင်တဲ့သူပါ
♥ ချစ်သူရေ….အနာဂတ်အတွက်
♥ ခဏတာဝေးနေရတယ်လို့ တွေးပေးပါချစ်သူရေ….
♥ အတူတူဆုံမဲ့နေ့ရက်တွေကို စောင့်မျှော်လျှက်
No comments:
Post a Comment