Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 13 June 2012

အချစ် ဆိုသောအရာ

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကိုဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား ?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လျို့ ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။ ကဲလေ့လာကြည့်ကြမယ်နော် ။


နားလည်မှုအချစ်
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊ စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။ အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က
လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။ case တစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန်စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်
ပါတယ်။ ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ အပြောအဆိုတွေကြောင့်
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေမကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာ
နဲ့  နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်
ထင်ပါတယ်နော်။



မျက်မြင်ကိုယ်တွေ့ မှယုံပါ
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။ ကြားစကားတွေနဲ
့လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။ သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။ သင့်ဘက်ကသာ အစစ်
အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကိုတွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်
တယ်ဆိုရင်တော့ အစကတည်းက သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန်
ဘယ်နေရာမှာရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့် အရေးမကြီးတဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့ အစကတည်းကနှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ ပိတ်ပင်ထားပါ။



တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ
အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊တိုက်ဆိုင်မှု
လေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။ သင့်အတွက် နေစဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင် တိုက်ဆိုင်မှု
လေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေး
တွေကအစစားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်းတိုက်ဆိုင်ကြည့်ပါ ။ သင်ဟာ
သူ့ ကိုတကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။ ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား ၊
မင်းသမီး ၊ အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။ သူရဲ့အကြိုက်လေးတွေကိုလည်း
မေးပြီးမှတ်သားထားပါ ။ အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။ တစ်ခါတစ်ရံတစ်ဘက်
သား မမျော်လင့်တဲ့  နေရာမျိုးတွေဆီကနေအံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်လေးတွေကို ကြိုးစားပြီး
ဖန်တီးပြပါ ။ အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလိုလှုပ်ရှားမှုလေးတွေ
ရှိနေမှ ပျော်ရွှင်စရာကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။



အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင်သင်တို့ နှစ်ယောက်ကြားက အချစ်တွေ
ဘယ်တော့မှမပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲသင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို
ဂုဏ်ယူပေးပါ ။ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲနှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင်
နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ
ဖန်တီးပြပါ ။ ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက်အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ
ရယူပါ ။ ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။




လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင်အတွက်ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်
ရှိသူလား ။ အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက် အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ 
တော့လိုအပ်ပါတယ် ။ လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်ဆိုတာတော့မရှိပါဘူး။
လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ ဒါပေမဲ့အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှု
တွေပေးမယ် ၊ ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။ဆင်ခြေတွေကိုအမြဲမပေးပါနဲ့  ။လက်ရှိအခြေ
အနေတွေကို ရိုးသားပါ ။ ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ
ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။ သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။
ဒါကိုလည်း သူသိအောင်လုပ်ပါ ။ သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ ခိုင်မြဲလေ
လေ ဖြစ်လာပါလိမ့်မယ် ။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့