လောကမှာ လူကောင်းတစ်ယောက်ဖြစ်လာတာဟာအလကားဖြစ်လာတာမဟုတ်ပါဘူး။ နှောက်ခံအ
ကြောင်းတွေကောင်းလို့သာ အကျိုးရလဒ်တွေက ကောင်းနေတာပါ။ နှောက်ခံအကြောင်းမကောင်းဘူးဆို
ရင် အကျိုးရလဒ်တွေလည်းဆိုးနေမှာပါ။ ဒါက ငြင်းလို့ မရတဲ့ နိယာမ တစ်ခုပါပဲ။
လူကောင်းတစ်ယောက်ဖြစ်ဖို့ အကြောင်းတရားက နှစ်မျိုးရှိပါတယ်။အတွင်းဘက်ကအကြောင်းတရား
အပြင်ဘက်ကအကြောင်းတရား ဆိုပြီးတော့ပေါ့။ အပြင်ဘက်က အကြောင်းတရားဆိုတာ မိတ်ကောင်း
ဆွေကောင်းရှိတာကိုပြောတာပါ။ အတွင်းဘက်ကအကြောင်းတရားဆိုတာ ယောနိသော မနသိကာရလို့
ခေါ်တဲ့ အမှန်ကိုအမှန်အတိုင်း အမှားကိုအမှားအတိုင်း မှန်မှန်ကန်ကန်နှလုံးသွင်းတတ်တဲ့မှန်မှန်ကန်ကန်
တွေးတော ဆင်ခြင်တတ်တဲ့ စိတ်တစ်မျိုးရှိတာကိုပြောတာပါ။
အပြင်ဘက်က ဘယ်လောက်ကောင်းကောင်း အတွင်းဘက်ကမကောင်းရင် မကြီးပွားနိုင်ပါဘူး။
ဒါကထင်ရှားပါတယ်။ ဘုရားလက်ထက်တုန်းက သာတိရဟန်းတို့ အရိဋ္ဌရဟန်းတို့ သုနက္ခတ္တရဟန်းတို့
ဒေ၀ဒတ္တရဟန်းတို့ကိုကြည့်ပေါ့။ ဒီရဟနုးတော်တွေက အပြင်ဘက်ကဘုရားဆိုတဲ့ မိတ်ကောင်းဆွေ
ကောင်းနဲ့ တွေ့ခဲ့ပေမယ့် သူတို့ ကိုယ်တိုင် အတွင်းဘက်ကမကောင်းကြတော့ မကြီးပွားခဲ့ကြရဘူး။
အတွင်းဘက်ဘယ်လောက်ကောင်းကောင်း အပြင်ဘက်က မကောင်းဘူးဆိုပြန်ရင်လည်း
မကြီးပွားနိုင်ပါဘူး။ ကြည့်လေ သာရိပုတ္တရာလောင်းတို့ မောဂ္ဂလာန်လောင်းတို့ကို၊ သာသနာမှာ ထိပ်
တန်းဖြစ်လာမယ့်ပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် အပြင်ဘက်က မကောင်းလို့ သဉ္ဇယဗေဠတ္ထပုတ္တဆိုတဲ့
တိတ္တိ ဆရာကြီးရဲ့ တပည့်ဖြစ်နေခဲ့ရတာပါ။
နှောက်တော့မှ အရှင်အဿဇိဆိုတဲ့ အပြင်ဘက်ကအကြောင်းကောင်းနဲ့ တွေ့တော့ အရှင်သာရိပုတ္တ
ရာဟာ သောတာပန်ဆိုတဲ့ ကြီးပွားမှုကိုရခဲ့တာပါ။ အတွင်းဘက်ကတော့ ကောင်းနေတယ်။ ဒါပေမယ့်
သူ့မှာအပြင်ဘက်က မိတ်ကောင်းဆွေကောင်းကလိုအပ်နေလို့ မဖြစ်ထွန်းသေးတာပါ။
လောကမှာ အောင်မြင်ကြီးပွားမှုနဲ့ ချမ်းသာသုခရတာကို မင်္ဂလာလို့ခေါ်တာပါ။ ဒီမင်္ဂလာမျိုး အရှင်
အဿဇိဆီကနေ အရှင်သာရိပုတ္တရာ ရခဲ့ပါတယ်။ လောကုတ္တရာရေးရာမှာတောင် မိတ်ကောင်းဆွေ
ကောင်းကလိုအပ်သေးရင် လောကီရေးရာမှာဆိုရင်ပိုပြီးတော့လိုအပ်ပါတယ်။
လောကီရေးရာမှာ မိတ်ကောင်းဆွေကောင်းဆိုတာကို ဘယ်လိုရှာဖွေတွေ့နိုင်မလဲ။ ဘယ်လိုရှာဖွေရ
မလဲ။ ကမ္ဘာကြီးတစ်ခုလုံးကို လောကီနည်းပညာတွေနဲ့ မီးလား ရေလား လုပ်နေတဲ့ ခေတ်ကြီးထဲမှာ
မိတ်ကောင်းဆွေကောင်းကို ဘယ်လိုတွေ့နိုင်မလဲ။ ဒါကို အကောင်းဆုံးနည်းနဲ့အပြည့်စုံဆုံးမဟုတ်
တောင်အုပ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ဖြစ် ခန်းစည်းနဲနဲလေးဖြစ်ဖြစ်ပင့်ပြလိုက်ချင်ပါတယ်။
အရင်ဆုံး ကိုယ်တိုင်တွေ့နိုင်တာလေးတွေကို ရှာဖွေကြည့်ကြရအောင်ပါ။
ဒုက္ကရံ ကရောတိ= ပြုနိုင်ခဲတာတွေကို ပြုလုပ်ပေးတတ်တယ်။
ဒုက္ခမံ ခမာတိ= သည်းခံနိုင်ခဲတာတွေကို သည်းခံပေးတတ်တယ်။
အပါဒါသု နဇဟတိ=ဒုက္ခရောက်တဲ့အခါ စွန်ပစ်မသွားတတ်ဘူး။
ဒီအရည်အချင်းရှိတဲ့ လူတွေကို လောကမှာ တွေ့မြင်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီအရည်
အချင်းရှိအောင်လုပ်ယူနိုင်ပါတယ်။ ဒီအရည်အချင်းတွေက မိတ်ကောင်းဆွေကောင်းလို့ ပြောလို့ရတဲ့
အနေအထားမှာ ရှိပါတယ်။ နှောက်ပြီးတော့----
No comments:
Post a Comment