Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 7 June 2012

အရှုံးရဲ့  အချိန်အဆ

လိုချင်တာမရတာ ဘ၀ဆိုရင်လည်း 
ဖြစ်တည်ခွင့်ဆိုတာကို ငါမတပ်မက်တော့ဘူး
ငါ့မနက်ဖြန်တိုင်းအတွက် အပြုံးခပ်ယဲ့ယဲ့ကိုလည်း
မင်းကလွဲပြီးတခြားသူတွေကိုပေးဖို့ 
ငါတစိုက်မက်မက် မပြင်ဆင်ရသေးဘူး
ရှုံးနိမ့်မှုတွေများလွန်းလာတော့
အရေထူလာတဲ့ နှလုံးသားက 
ပေါက်ကွဲမှုတွေကို တင်းခံနိုင်ပေမယ့် 
မင်းကြည့်တတ်ရင်မြင်ပါလိမ့်မယ် 
ငါ့မျက်ဝန်းမှာ အရင်ကထက် စိုထိုင်ဆ
ပိုမိုများလာနေပြီလေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့