Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 9 June 2012

စောင်မျှော်လျှက်ပါ ချစ်သူ

ချစ်သူရေ    မိုးကောင်းကင်က
တိမ်တိုက်တွေ     ညို့လာရင်   
ငါ့ရင်ထဲမှာ   အလွမ်းမိုးတွေ
ရွာသွန်းနေပြီးပေါ့
ဖြေစရာဆေးမရှိတဲ့  ဝေဒနာလေးတွေက
အသေအချာတွေးကြည့်မှ
ငါ့ရင်ထဲမှာ  အသည်းကွဲနေမှန်း
ငါသိလိုက်ရတယ်
ငါ့ကို    ဝေဒနာတွေပေးပြီး
သွေဖီရှောင်သိမ်း သွားပြီးလား
နင်က  ငါရင်ထဲက
ထွက်းပြေးသွားပေမဲ့
နင်ရဲ့ အချစ်တွေက  ငါ့ရင်ထဲမှာ
ကျန်နေခဲ့တယ်လေ
“နင်“ ငါ့ကို   မုန်းတယ်လို
မပြောပဲ တိတ်တိတ်လေးထွက်ခွါသွားတာ
ဘာကြောင့်လဲ    ချစ်သူ
ငါ့မှာ  အပြစ်ရှိလိုလား
နင် ငါကို  နုတ်မဆက်ပဲ
ထွက်ခွါသွားပေမဲ့   နင်လည်း
ငါ့ကို  မမုန်းနိုင်ဘူးဆိုတာ
ငါသိပါတယ်
တို့ နှစ်ယောက်ရဲ့  အချစ်တွေဟာ
အာဒံနဲ့ ဧဝ
ရိုမီယိုနနဲ့ ဂျူလီးယက်
ဟင်္သာ   မောင်နှံတို့ ထက်
လိုက်မမီနိုင်လောက်အောင်
တို့ ရဲ့ အချစ်တွေက
များပြားပါတယ်ဆို
အခုတော  နင်ဘယ်မှာလဲဟာ
ငါတစ်ယောက်ထဲ ကြေကွဲစွာ
ခံစားနေရပြီး  ချစ်သူ
င့ါကို “နင်“ ရင်ထဲမှာ
ရှိနေသေးတယ်ဆိုရင်  ပြန်လာပါ
“နင်“ပြန်လာမဲ့  လမ်းတွေတိုင်းမှာ
ငါတစ်ယောက်  အမြဲစောင့်မျှော်လျှက်ဆိုတာ
“နင်“တစ်ယောက် တွေးမိရင်
ပြန်လာခဲ့ပါ
ငါလေ “နင်“ကို
စောင့်မျှော်နေလျှက်ပါ     ချစ်သူ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့