လူရယ်လို့ ဖြစ်လာပြီဆိုရင် တနေ့ နေ့ တစ်ချိန်ချိန်မှာ အချစ်ဆိုတာကို တွေကြုံရမှာပါ။
သူငယ်ချင်းတို့ လည်း ကြုံနေ ဒါမှမဟုပ် ကြုံကြရမှာပါ။ ကျွန်တော်ကော ကြုံရမှာပါပဲ။ အချစ်တွေက အရမ်းကိုများပြီး
အတူတကွ ဘ၀ဆိုတဲ့ တိုက်ပွဲကို ရင်ဆိုင်ကြတဲ့ အခါကြရင် တစ်ယောက်ကိုတစ်ယောက် သစ္စာ ရှိပြီး ဘ၀တိုက်ပွဲမှာ
သေမတူရှင်မကွာ တိုက်ကြစေခြင်တယ်။
အခုနောက်ပိုင်း ပတ်ဝန်းကျင်တွေမှာ တွေ့ နေရပါတယ်။ ယောက်ျားက နောက်မိန်းမ ထားလို့ ။
မိန်းမက နောက် ယောက်ျား ယူလို့  တော်တော်များများကို ကြားရတယ်။ သူတို့ တွေဟာ တစ်ကယ်ဆိုရင် အချစ်ကို
စော်ကားနေကြသူတွေပါ။ အချစ်ကို ခေါင်းစဉ်တက်ပြီး နောက်ကွယ်မှာတော့ လုပ်ခြင်ရာလုပ်နေသူတွေပါ။
ဘာလို့ လဲ…..သူငယ်ချင်း အိမ်ထောင်များကြခဲ့ရင် ဒီတိုင်းလေးကြိုးစားကြည့်ပါလား…
၁။ အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်း
တွေဟာ အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်
က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ လှပနိုင်ပါတယ်။
၂။ အိမ်ထောင်တစ်ခုမှာ မိမိကိုယ်မိမိ ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကိုရှောင်ရှားရမည်။
မိမိစိတ်ကိုအစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
၃။ အိမ်ထောင်တစ်ခုမှာ စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။ ပြဿနာ
တစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။စိတ်ကိုတည်ငြိမ်အောင်ထားပါ။
၎။ အိမ်ထောင်တစ်ခုမှာ ကိုယ်ချင်းစာတရားရှိပါ။ အိမ်ထောင်ဖက်၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ
နေတတ်အောင်ကြိုးစားလေ့ကျင့်ပါ။
၅။ အိမ်ထောင်တစ်ခုမှာ သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါမှာ မိဘ၊သားသမီး၊သူငယ်ချင်းအပေါင်းအသင်း တို့ ၏မျက်နှာကို
သတိရပါ။ မိမိတို့  ယူခဲ့ကြစဉ်က မည်သူမှ ရိုက်နှတ်ပြီး ပေးစားခြင်းမဟုပ်ပါ။ ငြင်းခွင့်ရှိပါလျက် မငြင်းခဲ့ကြပဲ ဖြစ်ပြီး
မှ မည်သူ့ ကိုမှ အပြစ်မတင်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပါ။
ဒါမှသူငယ်ချင်း ဆွေမျိုး သားသမီး မိဘတွေ စိတ်ချမ်းသာပြီး လူ့ အချစ်ပီသ လိမ့်မယ်ထင်ပါတယ်။
No comments:
Post a Comment