ချစ်သူ… အဝေးကချစ်သူကို ချစ်သူအဖြစ် လက်ခံလိုက်ကတည်းက လွမ်းနေရမယ်ဆိုတာ သိနေပါတယ်…
ချစ်သူ… ဘ၀မှာ အတူလက်တွဲနေနိုင်ဖို့  နှစ်ယောက်လုံး ကြိုးစားကြမယ်နော်…
ချစ်သူ… အဝေးကကောင်းကင်ကြီးမှာ ကြည့်ရင် အလွမ်းတွေပြည့်နေတာကို တွေ့ ရမှာပါ…
ဒါပေမဲ့ နီးဖို့  ခွဲနေရတာမို့ ဖြေသိမ့်နေပါ့မယ်…
ချစ်သူ… ရင်ထဲမှာ အလွမ်းတွေနဲ့  ငိုခဲ့ရရင်တောင် ခဏတာလေးပဲ ဖြစ်ချင်ပါတယ်…
ချစ်သူ… ချစ်သူ့ စကားတွေနဲ့  ရင်ထဲ သာယာချမ်းမြေ့ရတယ်ဆိုတာ သိစေချင်ပါတယ်…
ချစ်သူ… အချစ်ရေးမှာ ဘယ်သူတွေဖျက်ဖျက် မပျက်ကြေးကတိကို ခိုင်မြဲစွာ တည်နေပါ့မယ်…
ချစ်သူ… ချစ်သူကို ယုံကြည်မှုအပြည့်နဲ့  သစ္စာရှိစွာ စောင့်နေပါ့မယ်…
ချစ်သူ… အချိန်တန်အိမ်ပြန်လာရင် ရင်ခွင်တံခါးဖွင့်လို့  စောင့်ကြိုနေပါ့မယ်…
ချစ်သူ… လူ့ ဘ၀က မျှော်လင့်ချက်ရှိမှ အဓိပ္ပါယ်ရှိတာဆိုတော့ ချစ်သူပြန်လာမဲ့နေ့ ကို မျှော်လင့်ရင်း ဘ၀မှာ
ရှင်သန်နေအောင်ကြိုးစားနေပါ့မယ်…
No comments:
Post a Comment