“ရင်ထဲမှာနွေ ၊ အပြင်မှာမိုး”
နွေကြို ဥသြ
ငိုသံနှောလို့
မိုးခါဘယ်ဆီ
ပျောက်သွားလေပြီ
ကြင်ဖော်သူနှင့်ဝေး၍တည့်။
သတိရစိတ်
ထိုးတိတ်တမ်းတ
လွမ်းရပါလား
ရင်မှာပူပြင်း
ဒီချစ်ခြင်းကြောင့်
မုန်တိုင်းပြိုပျက်
ဝဿန်မိုးစက်လည်း
အေးမြခြင်းငှာ
မစွမ်းသာဘူး
ရင်ထဲမှာ “ နွေ ”
အပြင်မှာ “ မိုး ”
အိပ်မက်ဆိုးမို့
တိုးလို့ဖြင့်သာ
ပူတော့တယ်။
No comments:
Post a Comment