“အလွမ်းနဲ့လူ”
သူကရင်နာစရာ တစ်ချို့တစ်ဝက်နဲ့
မျှော်လင့်ချက်ကို ထုပ်ပိုး
ရိုးသားစွာခရီးသွားခဲ့သူ.....
အပြစ်ရှာတတ်တဲ့ မျက်ဝန်းတစ်စုံက
အတုံးအရုံး အိပ်နေတဲ့စိတ်ကိုနှိုးဆွ
ကြမ်းရှခါးသက်တဲ့ ဒီရင်ခွင်မှာ
ဘယ်အရာမှ နောက်မကျခဲ့ချင်ဘူး
အတိတ်ဆိုးတွေကို
ခပ်ယဲ့ယဲ့ပြုံးတတ်ရုံကလွဲလို့
ဝေခွဲတတ်တဲ့ပါရမီ မပါခဲ့လေတော့
ကျန်ရစ်ခဲ့ပေမယ့်လည်း
သူမကျန်ရစ်တတ်ခဲ့ပါဘူး....
တယုတယ မွေးမြူခဲ့တဲ့ အနုပညာပါ
အပြီးသတ်ချစ်ခြင်းကိုကိုယ်စားပြုဖို့
အချစ်ရဲ့ပုံတူကို
အလွမ်းရောင်မချယ်ချင်ဘူး....
တကယ်ဆိုရင် ...... သူက
ကြည်ပြာရောင် ကင်းဗတ်စပေါ်မှာ
သူမနာမည်ရေးရင်း
တစ်သက်လုံး ဆင်းရဲနေသူပါ.......။
No comments:
Post a Comment