Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 14 June 2012

အရက်သမားအတွေးကဗျာ

အရက်သောက်၍
အသဲခြောက်ကာမူးနေသူ
စီးကရက်ခဲပြီး
     သေပွဲဝင်တော့မလို့။
အကောင်းဆုံးဖြစ်ရင်တောင်
အဆိုးဆုံးတော့ကြိုတွေးထားတယ်
ဘယ်နေ့မှာ ငါသေမလဲ
အရက်သောက်ရင်းစဉ်းစားတော့မူး။
ဘောလုံးပွဲတွေလည်းအရင်လိုကြည့်မကောင်းဘူး
ပိုပြီးတော့ ပွဲကြမ်းနေသလိုပဲ
ကိုရီးယားကားကလည်း စကားပိုပြော
မြန်မာကားကိုကြည့် ချစ်ကြိုက်ကွဲငြား
ကဲ ဘယ်မှာ အကယ်ဒမီရမလဲ ပြော....
စိန်ခေါ်လို့ တိမ်ပေါ်ရောက်ခဲ့ပေမယ့်
စိတ်တွေကဂျုံးဂျုံးကျနေပြီ
မမြင်နိုင်တဲ့ ၀ိုးတ၀ါးညမှာ
ကျွဲချိုကိုကိုင်ပြီး လိုက်နေရသလိုပဲ
ကဲ.... သေမင်းရေ မြန်မြန်ခေါ်ပါတော့။
နေမင်းက ရယ်ကျဲကျဲကြည့်နေတယ်
မတော်လို့ပြုတ်ကျလာရင်ဖြင့်
ငါ့ခေါင်းကွဲမယ် ၊ မလွယ်ဘူးထင်ပ
ကြယ်တွေဖြူဖွေး၊ လက၀ိုင်းစက်
သမိုင်းထက်အက္ခရာမှာဘယ်သူထိပ်ဆုံးလဲ။
နွေခေါင်ခေါင် မိုးက ရွာနေပြန်ပြီ
အခါအခိုက်အခွင့်ကြုံရင်
အရပ်လေးမျက်နှာလွတ်ဘူး
လေနီကကြမ်း၊ မိုးကရမ်းနဲ့
ယမကာစည်းစိမ်ဖျက်တဲ့မိုး....။
တစ်ခွက်ရယ်တစ်ခါသောက်လိုက်ရင်
ချာလပတ်ဘိုင်းကနဲ့ မူးမယ်
မြင်သူကို ရန်သူလုပ်ချင်လုပ်
စကားမှာအမှားတွေပါတာကြောင့်
ရိသဲ့သဲ့နှုတ်ကထွက်မိရင်...
ရ၀တ ရုံးထဲမရောက်ရင်တောင်
အင်းးးးးMamber ဘ၀ကနေ
ကန်ကာအချခံရမှာမုချပဲနော်။
ကောင်းတဲ့လူဆိုတာမြင်ယုံမသိနိုင်လို့
ကြင်ဖော်တူစံမောင်နှံတွေသော်မှ
စိတ်မသင့် အမျက်တော်ထားရင်
အမျက်တော်လားပြီး ကွဲရမယ်ကြုံ
အိုသေအောင် သောက်မယ့်ဒီအရေ...။
သေအရေ ဒီအရက်ကိုတော့
သွေဖျက်ကာ မခွဲနိုင်သမျှ
လာသမျှလူငေးမှိုင်ကျပေါ့
ရွှေမြန်မာဥယျာဉ် ဆွေသဟာများရယ်
အသေအချာတွေးရင် ဝေဒနာပွားမယ်
ဝင်လာတိုင်း မူးလို့နေတဲ့...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့