Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 25 June 2012

လွမ်းနေဆဲပါ

အလွမ်းတွေပျောက်စေဖို့
ပန်းကြွေခြောက်တွေကြားမှာ
ပန်းခရေလည်းကောက်ဖူးပါရဲ့...။
အလွမ်းပြေ သဘောနဲ့
စမ်းရေတကြောမှာ
ပန်းတွေလည်း မျှောဖူးပါရဲ့.....။
ကောက်ခဲ့ဖူးတဲ့ ပန်းခရေ
နွမ်းကြွေလို့ သွားပေမယ့်
အလွမ်းတွေ မပြေခဲ့ပါဘူး....။
မျှောခဲ့ဖူးတဲ့ သီတာစမ်းမှာ
ပန်းမွှေ့ရာ လွှမ်းခဲ့ပေမယ့်
အလွမ်းတွေ မခန်းနိုင်ခဲ့ပါဘူး.....။
လွမ်းရက်ကြာရှည် လွမ်းကာနေလည်း
လွမ်းလို့နေဆဲ လွမ်းနေမြဲပါ......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့