""အွန်လိုင်း အရပ်ရှစ်မျက်နှာ မေတ္တာပို့နည်း""
ဒို့ပြည်မြန်မာ အိမ်တကာမှာ... ကွန်ပျူတာတွေ ရှိပါစေ၊
မရှိသူများ နက်ဆိုင်သွား... တော်ကီပွားနိုင်ကြပါစေ၊
ပီစီ တစ်လုံး ကိုယ်စီသုံး... ရွှင်ပြုံးကြပါစေ၊
ပီစီ၏ရန် ဗိုင်းရပ်(စ်)ဒဏ်... တွန်းလှန်နိုင်ပါစေ၊
အွန်လိုင်းတက်လာ များသူငါ... ကြူ နိုင်ကြပါစေ၊
ကြူသူများမှာ အမြဲသာ... ရင်ထဲရှိပါစေ၊
ချက်တင် ထိုင်စဉ် ပြုံးပျော်ရွှင်... အဆင်ပြေပါစေ၊
ချက်ချိန်တိုင်းတွင် အမြဲပင်... ကွန်နက်ရှင် ကောင်းပါစေ၊
ဘလော့ဂ် ရောက်လာ မိတ်သဟာ... ကျန်းမာကြပါစေ၊
စပ်မိစပ်ရာ ဗလချာ... ရေးနိုင်ကြပါစေ၊
ဘလော့ဂ်ဂါ အချင်းချင်း ရန်စောင်ခြင်း... လွတ်ကင်းကြပါစေ၊
ချိန်းချက်ရန်ရှာ ပြဿနာ... ရှောင်နိုင်ကြပါစေ၊
ခြိမ်းခြောက်လိုချင်း အချင်းချင်း... ကင်းရှင်းကြပါစေ၊
ကိုယ့်ထက်သာသူ ကိုယ့်အောက်လူ... ကူညီနိုင်ပါစေ၊
ဒို့မေတ္တာစွမ်း နှစ်ခါနမ်း... (အာာာာာမှားလို့) ကမ္ဘာာလွှမ်း... အေးချမ်းကြပါစေ၊
မေတ္တာရေချမ်း ကိုယ်စီဖြန်း... အရမ်းလန်းပါစေ၊
Gtalk ထဲက ကြူကြူတွေ... ဖက်တီးပုတ်နဲ့ ညားပါစေ၊
နှုတ်ဆက်တာကို စာမပြန်တယ်... ရုပ်ဆိုးမကြီး ဖြစ်စေကွယ်၊
စကားမပြောဘဲ Block သူများ... Gtalk ဗိုင်းရပ်စ် ကိုက်စေသား၊
မာနကြီးသော မမတွေ... ငှက်ပျောတုံးနဲ့ ညားပါစေ၊
Busy နေတယ် ပြောသူများ... အလုပ်ပိပြီး ပြားစေသား၊
Asl ကို လိမ် ညာသူတွေ... ပါးစပ်ထဲမှာ ၀ဲပေါက်စေ၊
မိန်းခလေးအယောင်ဆောင် Chat သူများ... Gay စစ်စစ်ကြီး ဖြစ်စေသား၊
ဟိုက်!!!!! မေ့လို့ မေ့လို့
Online ပေါ်က ငါ့ချစ်သူ.... ချမ်း သာ ကိုယ် စိတ် မြဲ ပါ စေ။
ယုံကြည်စွာ.... လိုက်နာဆောင်ရွက်ကြပါက ကွန်နက်ရှင် ကောင်းပါကြောင်း.... အာမခံပါသည်။
No comments:
Post a Comment