Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 24 June 2012

ရာခိုင်နှုန်း ၃၀ လျှော့၍ ဂျပန်နှင့် အမေရိကန်ကားများ ရောင်းမည်

ဂျပန်နှင့် အမေရိကန်ကားများကို ရာခိုင်နှုန်း ၃၀ အထိ လျှော့၍ ရောင်းချမည် ဖြစ်ကြောင်း သိရ သည်။

“နိုင်ငံတော်အစိုးရပိုင်းက ကားအခွန်တွေ ဖြေလျှော့ပေးလိုက်တဲ့အတွက် ကျွန်တော်တို့ဘက် ကလဲ ဈေးတွေလျှော့ချပြီး ရောင်းချသွားမယ်။ အမေရိကန်ကားတွေရော၊ ဂျပန်ကားတွေရော သူတို့လျှော့ချပေး တဲ့အတိုင်း ရာခိုင်နှုန်း ၃၀ လောက်လျှော့ရောင်းသွားမယ်” ဟု ၀င်းကို ကားအရောင်းစင်တာမှ တာဝန်ရှိသူ ကို ကျော်မျိုးနိုင်က ပြောသည်။

အဆိုပါရောင်းချမည့် အစီအစဉ်ကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ တပ်မတော်ခန်းမတွင် ပြုလုပ်မည့် Automoblile and Living Products ပြပွဲကြီးတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းကား ကုမ္ပဏီကြီးလေးခုနှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေး ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းနှင့် ပညာရေးပြခန်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များ၊ မိုဘိုင်းဖုန်းများကိုလည်း ပါဝင်ပြသရောင်းချသွားမည်ဖြစ်သည်။

“၂၀၁၀ မှာ ကားပြပွဲတစ်ခုလုပ်ဖြစ်တယ်။ အဲဒီတုန်းက ကားရှိုးရွမ်းတွေက မဖွံ့ဖြိုးသေးဘူး။ အခုတော့ နိုင်ငံတော်က ခွင့်ပြုလိုက်တဲ့အခါ ပိုပြီးစည်စည်ကားကားဖြစ်သွားမှာပါ။ အထူးလျှော့ဈေးတွေ၊ အထူး အစီအစဉ်တွေနဲ့ လုပ်သွားမှာပါ” ဟု ယင်းပြပွဲစီစဉ်သူ Jade Crown Services Co.,Ltd မှ ဒါရိုက်တာ ဒေါ်ခင် သွယ်က ပြောသည်။

အဆိုပါပြပွဲနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ဇွန် ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့