Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 10 June 2012

လွမ်း ငိုခဲ့သည် !!!!!

အတိတ်က အိမ်မက်ဆိုးတို့ နိုးထချိန်...
ဘ၀ရဲ့ အမောတို့ ထိပ်ဆုံးရောက်ချိန်...
စိတ်ပျက်စရာ ကမ္ဘာထဲ
တစ်ယောက်ထဲ လွမ်း
အားငယ်ချိန်...
ပျက်စီးသွားတဲ့ အသည်းနှလုံးတစ်စုံနဲ့ 
ယောင်ချာချာလိုက်နေချိန်....
အကြိမ်ပေါင်းများစွာ လွမ်းကို သူတို့ ပျက်ရယ်ပြုခဲ့စဉ်
ဒါတွေကို ပြန်တွေးရင်း...
အချစ်ဆုံးသူက လွမ်း ကို မုန်းလေခြင်း....
မှားယွင်းမှုတို့ လွမ်း ကျူးလွန်လေခြင်း........
အော် ဒီလိုနဲ့ အရာအားလုံးစုပေါင်းချိန်...
လွမ်း မျက်ဝန်းတွေက ပူလောင်နေတဲ့
မျက်ရည်တချို့ ....

လွမ်း ပါးပြင်တလျှောက်တိုက်စား....
လွမ်း မျက်မှန်ပေါ်ဖိတ်ကျ...
လွမ်း ဘ၀က တန်ဖိုးမဲ့သလိုလိုများလား?
မပျော့ညံ့ခဲ့တဲ့ လွမ်း ရဲ့ မျက်ရည်တွေက
အရှုံးပေးဖို့ အတွက်လား?
မာကျောတဲ့ လွမ်း နှလုံးသားဟာ
အရည်ပျော်ခဲ့ပြီလား?
ဘ၀ရဲ့ ဒဏ်ခတ်မှုကို ငါ
မလွန်ဆန်နိုင်ခဲ့တာလား?
စီးကျနေတဲ့ မျက်ရည်တွေကို
တစ်ပိုင်းတစ်စ
သုတ်လို့ .....
လွမ်း ဘ၀ကို လွမ်း ဆက်လျှောက်ဖို့ ဆုံးဖြတ်
လွမ်း ရည်ရွယ်ချက်တွေကို
ပြန်တည်ဆောက်ဖို့ အချိန်တစ်ခုတော့
ပေးရပေမည်.............
မှန်သည်။
လွမ်း ငိုခဲ့သည်။
သို့ သော်...ငါအရှုံးမပေးခဲ့ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့