Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 24 June 2012

အလုပ်သမားများ ည ၉ နာရီ ထက်ကျော် လွန်၍ အလုပ်ဆင်းခွင့် ပြုတော့ မည်မပာုတ်


အရှေ့ပိုင်း ဒဂုံ စက်မှုဇုံ ကိုတွေ့ရစဉ်။
စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရှိ အလုပ်သမား များအား ၎င်းတို့၏ ဆန္ဒအရ အချိန်ပိုအလုပ် လုပ်ကိုင်ခွင့်များ ပေးရမည်ဖြစ် သော်လည်း ည ၉ နာရီထက် ကျော်လွန်၍ အချိန်ပို အလုပ်မဆင်းခိုင်းကြရန် ၂၀၁၂ ဇွန်လ ၁၂ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ စက်ရုံပိုင်ရှင်များ အား တွေ့ဆုံ၍ ပြောကြားကြောင်း သိရသည်။

“ပြည်တွင်းက အလုပ်သမားတွေကို သူတို့ဆန္ဒရှိတယ်ဆိုရင် အလုပ်ရှင်တွေက အချိန်ပိုဆင်းခွင့်ပြုရမှာပါ။ ဒါပေမယ့် ည ၉ နာရီထက်ကျော် ပြီးတော့ ခိုင်းလို့တော့မရပါဘူး။ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် မကျော်ပဲနဲ့ တစ်ပတ်ကို ၄၄ နာရီထက် ပိုလုပ်ရမယ်ဆိုရင် အချိန်ပိုကြေးဆိုပြီး စေခိုင်း တာတွေ မလုပ်ရတော့ပါဘူး”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း၌ လုပ်ခလစာကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ (၁၁)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ကြား ပဋိပက္ခမျုား  ဖြစ်ပွားခဲ့သည့်အနက် လက်ရှိအချိန်တွင် စက်ရုံ (၁၀)ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား သဘောတူညီချက်ရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းသို့ အကြံပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်သည့် နည်းဥပဒေနှင့် ဥပဒေများ မထွက်ရှိသေးသည်အချိန်ထိ အခြေခံလစာအား ၅၆၇၀၀ ကျပ် နှုန်းပေးရန် စက်မှုလက်မှုအသင်းအား အကြံပြုပြောထားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့