Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 6 June 2012

♥♥ငါ့ထိုက်နဲ့ငါ့ကံပေါ့♥♥

သိပ်ချစ်မိလို့
သိပ်လွမ်းရတဲ့အကြောင်း..
နင့်ကိုသိစေချင်လိုက်တာဟာ..
ဒါပေမယ့်...
နှုတ်ကထုတ်ပြောရအောင်လည်း..
ငါ့ဘ၀က
အတောင်ပံရှိလျက်နဲ့..
လိုရာမှပျံသန်းခွင့်မရခဲ့တာလေ..
ရင်နင့်စူးနစ်ခဲ့သမျှတော့..
ဒိုင်ယာယီမှာရင်ဖွင့်မိတယ်..
ရင်မဆံ့လို့
ပွင့်အန်ထွက်မိတော့..
နင်ကရေငုံနှုတ်ပိတ်
ဆွံ့အနေသယောင်ယောင်..
ငါ့ဘက်ကတသွင်သွင်စီးခဲ့သမျှ..
နင့်ဘက်ကကန်သင်းနဲ့
ဲ့မဆည်ခဲ့ဘူးနော်..
ချစ်သူရေ..
တံခါးမရှိ..
ဓားမရှိ..
ငါ့အချစ်တွေကို.
ဒိုးယိုပေါက်ဖွင့်ထားပါလျက်နဲ့..
နင်ကတော့
မျက်တစ်ခတ်စာအကြည့်လေးတောင်
မချွေခဲ့ဘူးနော်..
ငါ့ရဲ့မျှော်လင့်ခြင်းသိုက်တံခါးကို..
အပိုင်းပိုင်းရိုက်ချိုးခဲ့တယ်လေ..
တစ်ခုတ်တရချစ်ခဲ့မိလို့..
မချိမဆံ့ခံစားနေရပြီးမှတော့..
နင့်ကိုလည်း
အပြစ်လို့မဆိုချင်တော့ပါဘူးဟာ..
ငါ့ထိုက်နဲ့ငါ့ကံပေါ့...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့