Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 9 June 2012

ရင်ကို ငြိစေသောကြိုး


ရင်ကို ငြိစေသောကြိုး
ချစ်သူ......(ခွင့်)
နှလုံးသားတစ်ခု အနားယူဖို့ 
ခွင့်လေးတစ်သက်လောက်ပေးလှည့်ပါကွယ်.........



ချစ်သူ... (အသည်း)
အမှတ်မရှိတဲ့အသည်းနှလုံးက
တစ်ရေးနိုးပြီ ယောင်ယောင်ထူးတက်နြေ့ပီ............


ချစ်သူ .......(ရှိုက်သံ)
အသွင်သွင်စီးကျနေတဲ့ မျက်ရည်ကြားက
မင်းရဲ့ ရှိုက်သံကို ကြားမိလိုက်တာ..ကိုယ်တော့ ကမ္ဘာပျက်သလိုပဲ.......


ချစ်သူ .........(ကြိုး)
ချည်နှောင်တာ မြဲမြံဖို့ အစဉ်အလာတွေ
ဘေးချိတ်ပြီး သံယောဇဉ်ဆိုတဲ့ကြိုး မလျော့မိပါစေနဲ့ ကွယ်...


ချစ်သူ....... (အပြစ်)
သံသယဆိုတာ ထာဝရအတွက်
အားဆေးတစ်ခွက်မဟုတ်လို့ 
အပြစ်ဆိုတာကို မမြင်စေချင်ဘူးးး


ချစ်သူ ......(တစ်သက်တာ)
အချစ်တွေ ခိုင်မြဲဖို့ 
တစ်သက်တာအတွက်
ငါနားမှာ ထာဝရမှေးစက်လိုက်ပါတော့ကွယ်........



ချစ်တတ်သူတွေပြုံးပန်းတွေပွင့်နိုင်ကြပါစေ
အားလုံးကို လေးစားခင်မင်လျက်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့