Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

ထိုင်းနိုင်ငံမှ အလှပြုပြင် ဖန်တီးမှု ဆိုင်ရာ ဌာနတစ်ခု လာရောက် ဖွင့်လှစ်ခဲ့


ထိုင်းနိုင်ငံမှာ နာမည်ကြီး ထင်ရှားတဲ့ Nitipon Beauty Center ဟာ မေလ ၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းမှာ စင်တာခွဲ
ဖွင့်လှစ်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဖွင့်လှစ် လိုက်တဲ့ Beauty Center မှ အလှအပနှင့် အရေပြား ဆိုင်ရာ ကုသမှု အမျိုးမျိုးနဲ့ အလှအပ အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ ယခုလို မြန်မာနိုင်ငံမှာ လာရောက် ဖွင့်လှစ်မှုဟာ ပြည်တွင်းမှာ တိုးတက် ပြောင်းလဲ ပွင့်လင်း လာတဲ့ အချိန်ဖြစ်ပြီး  မြန်မာနိုင်ငံမှာ တိုးတက်ဖို့ အခွင့်အလမ်းတွေ ရှိလာတဲ့ အတွက် လာရောက် ဖွင့်လှစ် ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Beauty Center မှာ အရေပြား ဆိုင်ရာ ကုသမှု၊ V shape ပုံစံ မျက်နှာသွင်ပြင် အဆီချခြင်း အစရှိတာ တွေကို ဆောင်ရွက် ပေးမှာဖြစ်ပြီး အသုံးပြုမယ့် ဆေး၊ မိတ်ကပ်၊ နည်းပညာများနဲ့ စက်ကိရိယာများမှာ ထိုင်းနိုင်ငံ FDA  မှထောက်ခံချက် ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ Nitipon Beauty Center မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှ မြန်မာ့ သနပ်ခါး ဟာလည်း ထိုင်းနိုင်ငံ အလှအပ ပစ္စည်းဆိုင်ရာ ဈေးကွက်မှာ နေရာ တစ်ခုရရှိနေ တယ်လို့ သတင်း ရရှိပါတယ်။ 


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့