Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

သတ်မှတ် အခြင်အတွယ် မပြည့်မီသည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို နယ်ဒေသ များမှာပါ အရေးယူမှုများ ဆောင်ရွက်ခဲ့


စွမ်းအင် ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက်များ အရ သတ်မှတ် အခြင်အတွယ် ပြည့်မီခြင်း မရှိတဲ့ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ အရေးယူမှု
များကို နယ်ဒေသ များမှာပါ ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ ဒီလို အရေးယူမှုများ ဆောင်ရွက်ခဲ့ရာမှာ ပဲခူးတိုင်း ဒေသကြီး ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီမှ ပြီးခဲ့တဲ့ လအတွင်း ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၄၂ ဆိုင်ကို စက်သုံးဆီ ဖြန့်ဖြူး ရောင်းချရာမှာ အခြင်အတွယ် ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။

ဒီလို စစ်ဆေးခဲ့ရာမှာ စက်သုံးဆီဆိုင် ၂၂ ဆိုင်ဟာ သတ်မှတ် အခြင်အတွယ် ပြည့်မီခြင်း မရှိဘဲ လျော့နည်း နေတာကို စစ်ဆေး တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ ဆိုင်တွေကို ယခု မေလ ၆ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ အထိ စက်သုံးဆီ သိုလှောင် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ကို ၁ လ ယာယီ ပိတ်သိမ်း အရေးယူ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။

စွမ်းအင်ဝန်ကြီး ဌာန အနေနဲ့ နိုင်ငံတော် အတွင်း ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများနဲ့ စက်သုံးဆီ အရည်အသွေး မှန်ကန်ရေး၊ အခြင်အတွယ် ပြည့်မီရေးနဲ့ မီးဘေး လုံခြုံမှု ရှိစေရေး ကိစ္စရပ်များကို ကြီးကြပ် ကွပ်ကဲ စစ်ဆေးနိုင်ဖို့ အတွက် ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ မှာလည်း ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီ အသီးသီးကို ဖွဲ့စည်း ဆောင်ရွက် လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့