Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

'ကျေးဇူးပါ ချစ်သူ'


အချစ်က ခံစားမှုဆိုရင်
ခင်မင်မှုကကော နှောင်တွယ်တတ်ပါသလား
သံယောဇဉ်အမျှင်တန်းရင်
နွယ်ပင်ထက်တောင် ရစ်နှောင်တတ်ပါသလား
မဖြစ်သင့်ဘူး ဆိုတာလဲသိတယ်
မချစ်သင့်ဘူး ဆိုတာလဲသိတယ်
တစ်ရစ်ထက်တစ်ရစ် တိုးလာတဲ့ သံယောဇဉ်ကလဲ
ဖြတ်ရခက်လွန်းတယ်
လာပါလို့ မခေါ်ခဲ့ပဲ မင်းရောက်လာခဲ့တယ်
ထွက်သွားပါလို့ မနှင်ပဲလဲ မင်းထွက်သွားခဲ့တယ်
ဒါဟာ အကောင်းဆုံးလမ်းကို မင်းရွေးသွားတယ်လို့ပဲ
ငါမှတ်ယူပါ့မယ်
ဒီလောက်အဖြစ်နဲ့
အချစ်လို့ သတ်မှတ်ဖို့ မသင့်တော်ပါဘူး
မင်းလုပ်ရပ်မှန်တယ်လို့ လက်ခံတဲ့အတွက်
ငါလဲပဲ ဒီလမ်းကို ကျင့်သုံးပါ့မယ်
ပေးခဲ့တဲ့ ခင်မင်မှုတွေအတွက်လဲ
ကျေးဇူးတင်တယ်
ပေးခဲ့တဲ့ နွေးထွေးမှုတွေအတွက်လဲ
ကျေးဇူးတင်တယ်
ပေးခဲ့တဲ့ ပျော်ရွှင်မှုတွေအတွက်လဲ
ကျေးဇူးတင်တယ်
အစစအရာရာ အားလုံးအတွက်လဲ
ငါမင်းကို အမြဲကျေးဇူးတင်နေမှာပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့