Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

မြို့နယ် ၈၅ မြို့နယ်တွင် ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှု ပုံစံများ ဆက်လက် ပို့ချသွားရန်ရှိ


ပညာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ယခု ၂၀၁၃-၂၀၁၄ ပညာသင် နှစ်အတွက် ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှု ပုံစံကို
စီမံချက် အနေနဲ့ မြို့နယ် ၈၅ မြို့နယ်မှာ ဆက်လက် ပို့ချသွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။အခုလို လေ့ကျင့် သင်ကြား ပေးနိုင်ရေး အတွက် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် နည်းပြ သင်တန်းများနဲ့ မြို့နယ် အဆင့် သင်ကြားရေး သင်တန်းများကို ဖွင့်လှစ်ပြီး အခြေခံပညာ ကျောင်းများရဲ့ သင်ကြားမှု လုပ်ငန်းစဉ် များကို ကြပ်မတ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှု ပုံစံကို ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှာ မြို့နယ် ၉၃ မြို့နယ်ကို ပို့ချပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ အခုလို မူလတန်း အရွယ်ကလေးတွေ အတွက် သင်ကြားပုံတွေကို ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှုပုံ တွေကို ကလေး ဗဟိုပြု ချဉ်းကပ် သင်ယူမှု ပုံစံကို လာမယ့် ၂၀၁၅ ခုနှစ်အထိ စီမံချက် ထားပြီး ပြုလုပ် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့