Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းပိုင် သားဖွားခန်း ၁၃၄ ခန်းဖွင့်လှစ်ပြီးဖြစ်


မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး
အသင်းဟာ တစ်နိုင်ငံလုံးမှာ သားဖွားခန်းပေါင်း ၁၃၄ ခန်း ဖွင့်လှစ်ပေး ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သားဖွားခန်း တွေမှာ ပစ္စည်း ကိရိယာ ပြည့်စုံပြီး Physical Feature ကောင်းမွန် ရေးနဲ့ သားဖွား ဆရာမများ အရည်အသွေး မြင့်မားစေရေး အတွက် သင်တန်း များလည်း ဆောင်ရွက် ခဲ့ပြီး ဖြစ်တဲ့ အပြင် အရန် သားဖွား ဆရာမများ ကိုပါ မွေးထုတ် ပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အသင်းပိုင် သားဖွားခန်း တွေမှာတော့ ဆင်းရဲ နွမ်းပါးတဲ့ မွေးလူနာများကို အခမဲ့ မွေးဖွား ပေးတာ ဖြစ်ပြီး တတ်နိုင်တဲ့ သူတွေ ကိုတော့ ငွေကျပ် ၅၀၀၀ နှုန်းနဲ့ မွေးဖွား ပေးလျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးလူနာများကို မိသားစုဝင်များ ကိုယ်တိုင် ပါဝင် စောင့်ရှောက် နိုင်အောင်လည်း စီစဉ် ပေးထား တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဟာ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ရည်မှန်း ချက်များ ပြည့်မီစေရေး အတွက် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကဏ္ဍ များစွာမှာ ပူးပေါင်း ဆောင်ရွက် လျက်ရှိပြီး မိခင်နဲ့ ကလေး သေနှုန်း ကျဆင်းရေး အတွက် မျိုးဆက်ပွား ကျန်းမာရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက် လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသင်းပိုင် သားဖွားခန်းတွေမှာ မိခင်မှ ကလေးသို့ HIV ပိုး မကူးစက်ရေး လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဟာ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးရှိ မိခင်နှင့် ကလေးများရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နှင့်လူမှုရေး စောင့်ရှောက်မှု များကို ပေးခြင်းနဲ့ မိသားစုများရဲ့ လူနေမှု ဘ၀ အဆင့်အတန်း မြင့်မား လာစေရေးကို ဆောင်ရွက်လျက် ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့