Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်မှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိ


မေလ ၁၅ ရက်နေ့ မြန်မာ စံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်တွေ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းသို့ ရွေ့လျား ဖြစ်ပေါ်
လျက်ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်း MAHASEN ဟာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ၊ မောင်တောမြို့ရဲ့ အနောက် တောင်ဘက် မိုင် ၄၂၀ ခန့် စစ်တွေမြို့ရဲ့ အနောက် တောင်ဘက် မိုင် ၄၂၀ ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ရဲ့ အနောက် တောင်ဘက် မိုင် ၄၁၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါတယ်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းဟာ အရှေ့မြောက်ဘက်သို့ ဆက်လက် ရွှေ့လျားမှု ရှိနိုင်ပြီး မုန်တိုင်း ဗဟိုချက် အနီးမှာ အမြင့်ဆုံး လေတိုက်နှုန်း မိုင် ၆၀ အထိ ရှိနေတယ်လို့ သိရပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းရဲ့အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးကြီး နိုင်ပါတယ်။ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး နိုင်တဲ့အပြင် မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီကို မိုင် ၄၀ မှ ၅၀ မိုင်အထိ တိုက်ခတ် နိုင်ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းဟာ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဦးတည် ရွေ့လျားနေပြီး နောက်ဆုံး တိုင်းထွာချက်များ အရ  မေလ ၁၆ ရက်နေ့ ညနေပိုင်း ခန့်မှာ မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေများဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်းရ ပါတယ်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး၊ ငါးဖမ်း၊ ရေယာဉ်များ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားဖို့ လိုအပ်ကြောင်း အကြံပြု အပ်ပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့