Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ငွေကျပ် ၁၅၀၀ တန် CDMA -800 MHz Sim Card များကို မေလ ၂၀ ရက်နေ့တွင် ရောင်းချပေး သွားမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ချက် အရ ယခုလ အတွက် ငွေကျပ် ၁၅၀၀ တန် CDMA-800 MHz Sim Card များကို ယခုမေလ
၂၀ ရက်နေ့မှာ စတင် ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရောင်းချရာမှာ ယခင်အတိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့များရဲ့ အစီအစဉ်နဲ့ ရောင်းချပေး သွားမှာ ဖြစ်ပြီး မိုဘိုင်းဖုန်း Sim Card အရေအတွက် သုံးသိန်းခွဲကို ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

ဒီလို ရောင်းချရာ မှာလည်း CDMA-800 MHz စနစ် မိုဘိုင်းဖုန်း များကိုသာ ရောင်းချပေး သွားမှာဖြစ်ပြီး အဆိုပါ စနစ် တပ်ဆင် ထားခြင်း မရှိသေးတဲ့ ချင်းပြည်နယ် မှာတော့  WCDMA (3G) မိုဘိုင်းဖုန်းများကို အဆိုပါ နှုန်းထား နည်းတူ ငွေကျပ် ၁၅၀၀ နှုန်းနဲ့ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ထပ်မံ ရောင်းချပေး သွားမယ့် ငွေကျပ် ၁၅၀၀ တန် CDMA -800 MHz ဆင်းကတ်များ ကိုတော့ ယခင် အတိုင်းသာ ဆောင်ရွက် မှာဖြစ်ပြီး ၀ယ်ယူ အသုံးပြုလိုတဲ့ ပြည်သူတွေ အနေနဲ့ မေလ ၁၃ ရက်နေ့က စတင်ကာ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွေမှာ စတင် လျှောက်ထား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့