Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

ပြည်တွင်း၊ ပြည်ပဓါတ်ပုံပညာ အတွေ့အကြုံများ နှီးနှော ဖလှယ် ဆွေးနွေးခဲ့


ဓါတ်ပုံပညာနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံများ၊ နှီးနှော ဖလှယ်မှုကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Marketplace by City Mart မှာ
ပြုလုပ် ခဲ့ပါတယ်။ ဒီလို ဆွေးနွေးရာ မှာလည်း 7 Day in Myanmar ဓါတ်ပုံ အဖွဲ့ရဲ့ အဖွဲ့ဝင် တွေဖြစ်တဲ့  မင်းဇေယျာ၊ အောင်ပြည့်နဲ့ အခြား နိုင်ငံခြားသား ဓါတ်ပုံဆရာ ၃ ဦးတို့မှ ၎င်းတို့ရဲ့ ပြည်တွင်း ပြည်ပ အတွေ့အကြုံများ၊ ဓါတ်ပုံပညာ များကို နှီးနှော ဖလှယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဂုဏ်ယူဖွယ် မှတ်တိုင် တစ်ခု(သို့) နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကမ္ဘာ့ အလယ်မှာ ပြသနိုင်ဖို့ အတွက် စင်္ကာပူ နိုင်ငံ Editions Dider Millet (EDM) မှ 7 Day in Myanmar Project ကို ပြုလုပ်ခဲ့ပြီး အဆိုပါ Project ရဲ့ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ပုံရိပ်များကို 7 Day in Myanmar စာအုပ်အနေနဲ့ ထုတ်ဝေ သွားဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

EDM အနေနဲ့ နိုင်ငံခြားသား ဓါတ်ပုံဆရာများ နဲ့အတူ မြန်မာနိုင်ငံမှ အထင်ကရ ဓါတ်ပုံ ဆရာများ ပါဝင်တဲ့ ဓါတ်ပုံ ပညာရှင် ၃၀ ဦးနဲ့ နိုင်ငံတွင်း ၇ ရက်တာ လှည့်လည် သွားပြီး မြန်မာနိုင်ငံရဲ့ ထင်ရှား ကျော်ကြားတဲ့ အထင်ကရ နေရာများကို ဓါတ်ပုံ ရိုက်ကူးခဲ့ကာ ဓါတ်ပုံ အသားပေး စားပွဲတင် စာအုပ် အနေနဲ့ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှု ဆက်ဆံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့  သဘာဝ ရှုထောင့်များကို အကျွမ်းဝင် စေဖို့အတွက် ဖော်ပြ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့