Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

မေလ ၈ ရက်နေ့တွင် မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းနယ်စပ် ကုန်သွယ်မှုများ စတင် လုပ်ဆောင် နိုင်မည်


မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းကို မေလ ၈ ရက်နေ့မှ စတင်ပြီး နယ်စပ် ကုန်သွယ်မှုများ စတင် လုပ်ဆောင်နိုင် တော့မှာ ဖြစ်တယ်လို့ နယ်စပ်
ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းကို ယခုအခါ စတင် အသုံးပြုခွင့် ပေးထားမှာ ဖြစ်ပေမယ့်လည်း ဖွင့်ပွဲ ပြုလုပ်မှု ကိုတော့ ယခုအခါ မပြုလုပ်သေးဘူးလို့ သိရပါတယ်။ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ထိုင်းနိုင်ငံ နဲ့ နယ်စပ် ကုန်ပစ္စည်း တင်ပို့မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ အိမ်သုံးကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ အစရှိတဲ့ ပစ္စည်းများကို ပြည်တွင်းသို့ အများဆုံး တင်သွင်း မှာဖြစ်ပြီး ပြည်တွင်းမှ ပို့ကုန် အနေနဲ့ ရေထွက် ပစ္စည်းများ အများဆုံး တင်ပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ တစ်ဦးချင်း ကုန်သွယ်ခွင့်ကဒ် ထုတ်ပေးမှု ကိုတော့ ဖွင့်ပွဲ ပြုလုပ်ပြီးမှသာ ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ပြီးပါက နောက်ထပ် နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်တဲ့  ထီးစီး၊ မယ်စဲ တို့ကိုလည်း ဖွင့်လှစ် သွားဖို့ရှိပြီး ဘုရားသုံးဆူ နယ်စပ် ကုန်သွယ်ရေး စခန်း ကိုလည်း ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့