Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

စမ်းသပ် သန်းခေါင် စာရင်းများကို အင်္ဂလန် နိုင်ငံမှ Data Processing ဆောင်ရွက် ပေးရန်ရှိ


၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မြို့နယ် ၂၀ မှာ ကောက်ယူခဲ့တဲ့ စမ်းသပ် သန်းခေါင်
စာရင်းများကို အင်္ဂလန် နိုင်ငံမှ Data Processing ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို Data Processing ဆောင်ရွက်ရာမှာ UNFPA မှ ငှားရမ်း ထားတဲ့ အင်္ဂလန်နိုင်ငံ DRS ကုမ္ပဏီမှ လာရောက် ဆောင်ရွက်မှာ ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ ၀ယ်ယူ ထားတဲ့ OMR နည်းပညာသုံး Scanner ၂ လုံးနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Scanner ၂ လုံးဟာ ကောက်ယူထားတဲ့ စမ်းသပ် သန်းခေါင် စာရင်းမှ Data များကို ဖတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူထားတဲ့ မြို့နယ်များမှ တင်ပြလာတဲ့ အတွေ့အကြုံများ အခက်အခဲများကို အစီရင်ခံစာ ရေးပြီး ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားတယ် လို့လည်း သိရပါတယ်။ မကြာခင် စမ်းသပ် သန်းခေါင် စာရင်းမှ ရရှိတဲ့ အချက်အလက် များကို အတည်ပြု ထုတ်ပြန် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့