Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်နှင့် ရေကြောင်း ဦးစီးတို့ ပူးပေါင်းပြီး ရေကြောင်း ဆိုင်ရာများ လက်တွေ့ လေ့ကျင့်မှု ပြုလုပ်ခဲ့


အပြည်ပြည် ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် IMO နဲ့ ရေကြောင်းဦးစီး DMA တို့ပှုးပေါင်းပြီး အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်း
အတွင်း ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ မှာတော့ ဆွေးနွေးမှု တွေအပြင် အပြည်ပြည် ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် IMO မှ ဘာသာရပ် ဆိုင်ရာ ပညာရှင်များ၊ ပနားမားနဲ့ ဗီယက်နမ် နိုင်ငံတို့မှ IMO အမြဲတမ်း ကိုယ်စားလှယ်များ၊ စင်္ကာပူနိုင်ငံ STET မှ ပညာရှင်တစ်ဦး ပါဝင်သော အဖွဲ့နဲ့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန DMA တို့ ပူးပေါင်းပြီး ရေကြောင်း လုံခြုံမှု၊ TSPS Code နဲ့ ဆက်စပ် ပတ်သက်တဲ့ အတွေ့အကြုံ ဗဟုသုတများ အကြောင်း လက်တွေ့ လေ့ကျင့်မှုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေး ပို့ချ လေ့ကျင့်မှုကို DMA မှ အရာရှိများ၊ သင်္ဘော လုံခြုံရေး အရာရှိများ၊ ကုမ္ပဏီ လုံခြုံရေး အရာရှိများနဲ့ ဆိပ်ကမ်း လုံခြုံရေး အရာရှိများ၊ လေ့လာသူ ၁၀ ဦး အပါအ၀င် စုစုပေါင်း ၃၀ ဦး တက်ရောက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ အဖွဲ့ဟာ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဆူးလေ ဆိပ်ကမ်း လုပ်ငန်းများနဲ့ ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နေတဲ့ မြန်မာ့ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းပိုင် ထားဝယ်နဲ့ Asia World ဆိပ်ကမ်းများကို သွားရောက် လေ့လာခြင်း များလည်း ဆောင်ရွက်ခဲ့ ပါတယ်။ ဒါ့အပြင်  ဆိပ်ကမ်း လုပ်ငန်း ဆောင်ရွက်မှုများ အပါအ၀င် ရေကြောင်း သက်ဆိုင်ရာ လုံခြုံရေး ဆောင်ရွက်မှုများ အပေါ် လေ့လာခြင်းနဲ့ Table Top Exercise ကိုလည်း ပူးပေါင်း ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့