Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 6 June 2012

♥♥♥“ငါနင့်ကို ချစ်တယ်”

♥♥♥`ငါနင့်ကို ချစ်တယ်´♥♥♥
`ချစ်တယ်´လို့ပြောဖို့ကို ..`ငါ´
ဆွံ့အနေခဲ့တာ ……နင့်ကို မချစ်လို့မှမဟုတ်တာပဲ…
ဘ၀တခုကို …ခံစားချက်တိုင်းသာ
ဖြည့်ဆည်းနေရုံနဲ့ လုံလောက်မှာလား…??
`အချစ်´ဆိုတာဟာ င့ါအတွက်တော့
လိုအပ်ခြင်းမရှိတဲ့ အရာ…
ရယ်စရာဟာသတခုလိုပဲ ငါသဘောထားခဲ့တာပါ
ဒါပေမဲ့… နင့်ကို ချစ်မိသွားတယ်ဆိုတာ
ငါ ကိုယ်တိုင်တောင် မသိလိုက်ဘဲ
နင့်ကို ငါ ချစ်သွားခဲ့တယ်…။
ငါ့ နှုတ်ကမပြောပေမဲ့ `ငါနင့်ကို ချစ်တယ်´
`ငါချစ်တယ်´…ဆိုတာ
နင့်ကို မပြောပြဖြစ်တော့ရင်လည်း `ငါနင့်ကို ချစ်တယ်´
နင့်လက်ကိုတွဲ ဘ၀ခရီးကြမ်းတွေ
အတူလျှောက်ခွင့်မရတော့ရင်လည်း `ငါနင့်ကို ချစ်တယ်´
နင့်ကို ချစ်လို့ … ငါ့မျက်ရည်တွေ
ကုန်ခမ်းသွားပါစေ`ငါနင့်ကို ချစ်တယ်´
ပိုင်ဆိုင်ရဖို့ဆိုတာ မသေချာလည်း`ငါနင့်ကို ချစ်တယ်´
နင့်အနားမှာ နေခွင့်မရရင်လည်း`ငါနင့်ကို ချစ်တယ်´
ဘယ်လိုဖြစ်ဖြစ်…
အရာရာကို…
ငါ…ကျေနပ်နိုင်တယ်…ဆိုတာ
နင်သိမှာပါ…
ဘာဖြစ်လို့လဲဆိုရင်
နင် … ငါ့အတွက် စစ်မှန်တဲ့ချစ်ခြင်းတခုနဲ့
ဆက်လို့ချစ်နေအုံးမယ်ဆိုတာ…
ငါသိနေသလို
`ငါနင့်ကို ချစ်တယ်´ဆိုတာလည်း
နင်…သိနေရုံနဲ့ ငါ့ဘ၀ ပြီးပြည့်စုံပြီ…
ဒါကြောင့်
`ငါနင့်ကို ချစ်တယ်´လို့
ငါ … ဘယ်တော့မှ ဖွင့်မပြောတော့ဘူး…။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့