'' ကျွန်တော် လိုချင်တဲ့ အဖြေ မဆီက မရမချင်း မ နောက်က လိုက်နေမှာပဲ''
'' မင်းကို ဒို့ပြောထားပြီးပြီပဲ ဒို့ မင်းကိုပေးစရာ အဖြေမရှိဘူးလို့ပြောထားတယ်လေ ''
'' တကယ်ပါ မရယ် ကျွန်တော် မ ကို တကယ်ချစ်တာပါ စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ချစ်တာပါ ကျွန်တော်ပြောတာကို မ ယုံပေးပါဗျာ''
'' ဘာ ! အချစ် ဟုတ်လား ဒီမယ် ကောင်ကလေး ဒို့ ဘယ်ယောက်ျားလေးကို မှ မချစ်တက်ဘူး ချစ်လဲ ချစ်လာမှာ မဟုတ်ဘူး အဲ့တော့ မင်း ဒို့နောက်ကို အချိန်ကုန်ခံပြီး လိုက်မနေပါနဲ့ ကောင်လေးရယ် မင်းအတွက် အချိန်တွေ ကုန်လွန်းလို့ပါ''
'' မ ကျွန်တော်ကို အဲ့လို ပြတ်သားတဲ့ စကားမျိုးမပြောလိုက်ပါနဲ့ဗျာ '' ဟု ပြောအပြီးတွင် သံစဉ်လက်ကလေးအား နေမင်း လှမ်းကိုင်လိုက်သည်
'' ဖြောင်း '' '' ဒါမင်းဘာလုပ်တာလဲ ကျွန်မ လက်ကလေးက သူ့ရဲ့ ပါးပြင်ပေါ်ရောက်သွားသည်
'' ရပါတယ် မ ရယ် မ ကျွန်တော် ရဲ့ ပါးပြင်ကို မ ရဲ့ လက်ကလေးနဲ့ ရိုက်လိုက်တာ ကျွန်တော်အတွက်တော့ ပန်းလေးနဲ့ ပေါက်သလိုပါပဲ ဒါပေမဲ့ မ ကျွန်တော်ကို ဘယ်လို တုန့်ပြန် တုန့်ပြန် ကျွန်တော်ကတော့ မကို ချစ်နေအုံးမှာပဲ ''
ကျွန်မ သူ့ ရဲ့ မျက်နှာလေးကို ကြည့်မိလိုက်သည် ပြိုမလိုလိုနဲ့ ညိုနေတဲ့ ကောင်ကင်ကြီးတစ်ခုလို သူ့ရဲ့ မျက်လုံးလေးထဲတွင် မျက်ရည်လေးများဝဲလျှက်
'' ကျွန်တော် ပြောတဲ့ စကားတွေကို မ သိမယ် နားလည်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် မ နောက်ကို ဆတ်မလိုက်နဲ့ ဆိုရင်လဲ ကျွန်တော် ဆတ်မလိုက်တော့ပါဘူး ဒါပေမဲ့ ထပ်ပြောလိုက်မယ် ကျွန်တော် မ ကို အရမ်းချစ်တယ်'' ပြောပြီး ကျွန်မကိုကျော ပေး၍ လှည့်ထွက်သွားသည် ကျွန်မ ကျွန်မလက်ကလေးကို ပြန်ကြည့်မိလိုက်သည် အတွေးတစ်ခု ဝင်လာသည် ငါမှားသွားသလား အိမ်ကိုပြန်လာရာ လမ်းတစ်လျှာက် ကျွန်မ သူ့အကြောင်းလေးပဲ စဉ်းစား ခဲ့မိသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟယ် သမီး သံစဉ် မေမေက နောက်ကြနေလို့ လမ်းထိပ်ကိုတောင် ထွက်ကြိုမလို့ ကွဲ့''
'' ဟုတ် မေမေ သမီး ဒီနေ့ နည်းနည်း နောက်ကျသွားတယ် ''
'' အေးလေကွယ် မေမေကစိတ်ပူလို့ပါ သမီးလေးရယ် ဟယ် မျက်နှာလဲ မကောင်းပါလား နေမကောင်းဘူးလား သမီး မှန်းစမ်း'' လက်ကလေးဖြင့် သံစဉ် နဖူးလေးအားစမ်းလိုက်သည်
'' ဘာမှ မဖြစ်ပါဘူး မေမေရယ် သမီးဒီနေ့ နည်းနည်းပင်ပန်းလာလို့ပါ စိတ်မပူနဲ့နော်''
'' ဘယ်နဲ့ စိတ်မပူလို့ရမလားကွဲ့ သမီးရဲ့ မေမေ့ မှာ ဒီသမီးလေးတစ်ယောက်ထဲပဲရှိတာကို ပူရတာပေါ့ ကွဲ့ သမီးရဲ့ '' မေမေက ပြုံးပြီး ကျွန်မပါးပြင်လေးအား လက်ကလေးနဲ့ ညင်သာစွာ ဖြစ်ညစ်လိုက်သည်
'' မေမေ တို့ကော ထမင်းစားပြီးပြီလား ဖေဖေကော ဟင်''
'' ပြေးကြည့်မှ ဒီမိသားစု သုံးယောက် ပဲရှိတာကို တူတူလက်စုံစားဖို့ဆိုပြီး သမီးဖေဖေက သမီးကို စောင့်နေတယ် ''
'' အော် မေမေ တို့ကလဲ စားနှင့်တာ မဟုတ်ဘူး သမီးကို စောင့်နေရတယ်လို့ ကဲ ဒါဆို သမီး မြန်မြန်လေး ရေချိုးလိုက်မယ် နော် ''
'' ကောင်းပါပြီရှင် ဒါဆို မေမေနဲ့ သမီးဖေဖေ ထမင်းဝိုင်းက စောင့်နေမယ်နော် ''
'' ဟုတ်ကဲ့ပါ '' ပြောဆိုပြီး သံစဉ်တစ်ယောက် မိမိအခန်းလေးရှိရာ အရပ်သို့ လျှောက်လှမ်းသွားခဲ့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူ့ရဲ့ မျက်နှာလေးကိုပဲ မြင်ယောင် မိနေသည် ဟိုတုန်းက ဘယ်ယောက်ျား ဘယ်ကောင်လေးကိုမှ စိတ်မဝင်စားသော သံစဉ်တစ်ယောက် အခု ဘယ်လိုဖြစ်နေတာလဲ ဒီကောင်လေးကျမှ စိတ်တွေယိုင်လဲ သွားပြီလား ကျွန်မ စဉ်းစားနေမိချိန်မှာပဲ လည်ပတ်နေသော နာရီလေးအား ကျွန်မ ကြည့်မိလိုက်သည်
'' ဟယ် ၁၂နာရီတောင် ထိုးတော့မှပဲ '' မဖြစ်ဘူး မဖြစ်ဘူး မနက်ကုမ္မဏီမှာ စာရင်းတွေ လုပ်ရအုံးမယ် ငါစောစောအိပ်မှ ဖြစ်မယ် ကျွန်မ အတွေးထဲမှာ ပေါ်နေသော ကောင်းကလေးရဲ့ ပုံရိပ်လေးတွေအား ကျွန်မ ထုတ်ပြစ်လိုက်ပြီး ကျွန်မ မျက်စိကို စုံမှိတ်၍ ကျွန်မ အိပ်လိုက်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်မ လျှောက်လှမ်းလာသော ခြေလှမ်းတွေကတော့ ကျွန်မ အလုပ်လုပ်နေသော ကုမ္မဏီသို့ ဖြစ်သည် ဖြတ်ကနဲ ဆို ကျွန်မ သတိတစ်ချက်ဝင်လာသည် ကျွန်မ အလုပ်သွား အလုပ်ပြန် ဆိုရင် ကောင်လေး အမြဲတမ်းကျွန်မအနောက်က လိုက်နေကြ ဒီနေ့ မနက် ဘယ်လိုဖြစ်လို့ ကောင်လေးကို မတွေ့ရပါလိမ့် မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အရာတွေ ကြောင့် ကျွန်မကိုစိတ်တိုဒေါသထွက်သွားသလား အမျိုးမျိုး အဖုံဖုံ ကျွန်မ တစ်ယောက်ထဲ လမ်းလျှောက်ရင်းတွေ မိနေသည် ကျွန်မလျှောက်လှမ်းလာသော လမ်းလေးထဲတွင်လဲ ကောင်လေးရှိနေမလားဆိုပြီး ကျွန်မ မျက်လုံးလေးအား ဟိုကြည့် ဒီကြည့်ေ၇ှာက်ကြည့်နေမိချိန်တွင်ပဲ
'' မ ဒီနေ့ ထမင်းချိုက် မပါလာဘူးလား'' ကျွန်မအနောက်မှ ထွက်ပေါ်လာသံ စကားသံကြောင့် ကျွန်မ လှည့်ကြည့်မိလိုက်သည် ကျွန်မ ရှာနေသော ကောင်လေး ဖြစ်နေသည်
'' မင်းမှာ မျက်စိ မပါဘူးလား မျက်လုံးမကောင်းဘူးလား မျက်လုံး မကောင်းရင်လဲ မျက်မှန်လေးဘာလေးတပ် အပိုလုပ်ပြီး လာမေးနေတယ် '' ကျွန်မ ထို့ကဲ့သို့ ပြောလိုက်အချိန်တွင်ပဲ
'' ဟာ မ ကလဲ အခုမှ မိုးလင်းတာနော် ဒေါသထွက်တဲ့ အသံနဲ့ ''
'' ဒီမှာ '' ကျွန်မအော်ပြောလိုက်သော စကားသံကြောင့် ကောင်လေး ကျွန်မကို စူးစိုက်စွာကြည့်နေမိသည်
'' မင်းကို ဒို့နောက်ကို မလိုက်ပါနဲ့ လို့ ပြောနေတာ မင်းဒို့နောက်က စလိုက်နေတဲ့ နေ့ကစပြီးပြောနေတာ မင်း ဒီနေ့ ဒီအချိန်ထိဒို့ နောက်ကို လိုက်နေတုန်းပဲ မင်းမှာ ဒို့ နောက်ကို လိုက်ဖို့ အတွက် အချိန်တွေ တော်တော်လေး ပေါနေတာလား '' ကျွန်မမေးလိုက်သော မေးခွန်းအဆုံးမှာပဲ
'' မ ကို ကျွန်တော် ပြောထားပြီးပြီ ပဲ မ ဆီက ကျွန်တော်ကြားချင်တဲ့ အဖြေမရသေးသ၍ ကျွန်တော် မနောက်က လိုက်နေမှာပဲ လို့ပြောထားတယ်လေဗျာ မနောက်က လိုက်နေလို့ မက ကျွန်တော်ကို တုန့်ပြန်မယ်ဆိုရင်လဲ ကျွန်တော်ကတော့ ပြုံး ပြုံးပါပဲ မ ကို ကျွန်တော် အချစ်တွေတင်မဟုတ်ဘူး ကျွန်တော်ဘဝ ကျွန်တော်ခန္တာ ကိုပဲ ပေးထားပြီးသား ''
'' ကဲ ဒါဆိုလဲ ထားလိုက်တော့လေ မင်းမှာ ဒို့နောက်ကို လိုက်ဖို့ အချိန်တွေ ပေါနေတာပဲ ဒို့ မပြောတော့ပါဘူး ကဲ ဒီတော့ အရှေ့မှာ ဆိုရင် ဒို့ လုပ်နေတဲ့ အလုပ်ကို ရောက်တော့မယ် အဲ့တော့ မင်းဒို့နောက်က ဆတ်မလိုက် နဲ့တော့ '' ကျွန်မပြောလိုက်သော စကားအဆုံးမှာပဲ ကောင်လေး ကျွန်မပြောလိုက်သော နေရာမှာတွင် ရပ်လျှက် နေလိုက်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အဖေကြီး ကျုပ် တော့ ကို ပြောစရာ ရှိတယ် အဖေကြီးရဲ့ '' ထွက်ပေါ်လာသော စကားသံကြောင့် ကုလားထိုင်တွင် စာအုပ်ဖတ်နေသော
'' ပြောစရာ ရှိသပါ့ ဆိုလဲ ပြောပေါ့ မိန်းမရာ ဘာများ ရေးကြီးကိစ္စရှိလို့လဲ အမကြေီးရ'' ပြန်ဖြေ လိုက်သော ယောက်ျား၏ စကားအဆုံးမှာပဲ
'' အရေးကတော့ ကြီးတယ် တော်ရေ ဒီလို အဖေကြီးရဲ့ အဖေကြီးရဲ့ သမီး သံစဉ် ကို အိမ်ထောင် လေးဘာလေးလဲ ပြုခိုင်းပါအုံး အဖေကြီးရယ် ကျွန်မ မြေးချီချင်နေပြီ အဖေကြီးရဲ့''
'' မြေးကတော့ မင်းတင် ချီချင်တာ မဟုတ်ဘူး ငါလဲ ချီချင်တာပေါ့ ဒါပေမဲ့ မင်း သမီးက အိမ်ထောင်ပြုချင်တဲ့ စိတ်မှ မရှိတာ ဒို့ စီစဉ်ပြေးသမျှကိုလဲ ညင်းတယ် သူကိုတိုင်လဲ မရှာဘူး အဲ့တော့ ဘယ်လို လုပ်မလဲ အမေကြီးရယ်''
'' ဟုတ်လဲ ဟုတ်တာပဲလေ '' ဟူးးးးးးးးးးးးး အမေလုပ်သူမှာ သက်ပြင်းလေးများချမိလိုက်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တရွှေ့ရွှေ့ လည်ပတ်နေသော နာရီလေးက ရုတ်တရက် အော်မြည်သံလေးကြားမိလိုက်သည်
တီတီ တီတီတီ တီတီ တီတီတီ
နာရီအား ကြည့်မိလိုက်သောအချိန်တွင် ည (၈)နာရီထိုးနေပြီ အပြင်ဘက်မှ ဖြတ်ခနဲ အလင်းတန်းလေး မြင်မိလိုက်သဖြင့် ကာရံထားသော အခန်းစီး လေးအား ကျွန်မ ဖယ်ရှား၍ အပြင်ဘက်သို့ ကျွန်မ ကြည့်မိလိုက်သည်
ဂျိမ်း ဂျိမ်း ထိန်း ဂျိမ်း ထိန်း မိုးတွေ သဲထန်စွာ ရွာသွန်းနေသည် ည(၈)နာရီ ထိုးနေပြီဖြစ်သောကြောင့် အချိန်ပို အလုပ်လုပ်နေသောသူများ အလုပ်မှ ပြန်ရန် ပြင်ဆင်နေကြသည် ကျွန်မလဲ သူတို့နဲ့ အတူ အလုပ်မှ ပြန်လာခဲ့လိုက်သည် မိုးများက သဲထန်စွာရွာသွန်းလျှက်
ဂျိမ်း ဂျိမ်း ထိန်း ဂျိမ်း ထိန်း
မိုးရေတွေ ကြားထဲမှာ ကျွန်မ လမ်းလျှောက်ပြီး အိမ်သို့ ပြန်လာခဲ့သည် ဖျက်ကနဲဆို တွေ့လိုက်သည် မေးလေးကတော့ ခိုက်ခိုက်တုန်နေသည်
'' မ ဒီနေ့ နောက်ကြတယ်နော် '' မေးလေးတွေက တုန်ခါနေပြီး ထွက်ပေါ်လာသော အသံမှာလဲ တုန်နေသည် ထုံးစံအတိုင်းပင် ကောင်းလေး ဖြစ်နေသည်
'' မင်း လာစောင့်နေပြန်ပီ မင်းကိုပြောရတာလဲ ဒို့ တော်တော်လေးကို မောပန်းနေမိပြီ ဒို့ မင်းကို ဘယ်လိုမှ ရင်ထဲမှာ ခံစားလို့မရဘူး ခံစားလို့တောင်မရတာ ချစ်ဖို့ဆို ဝေလာဝေး ''
'' မ ကျွန်တော်ကို ပြန်ချစ်လာမယ်လို့ ကျွန်တော်ယုံကြည်တယ် ဘာလို့လဲ ဆိုတော့ ကျွန်တော်က မ ကို စစ်မှန်တဲ့ အချစ်တွေ နဲ့ ချစ်နေလို့ပဲ ''
'' ဟဟဟဟဟဟဟဟဟဟဟဟဟဟ'' မင်းကတော့လေ တော်တော်ရယ်ရတယ် သိလား ဟာသတွေလဲ ပြောတက်တယ်နော် ကျွန်မပြောလိုက်သိအချိန်မှာပဲ
'' ကျွန်တော် မကို ညနေ ၅နာရီကတည်းက စောင့်နေတာ အခုမိုးရွာနေတဲ့ အချိန်ထိပါပဲ ကျွန်တော် အရမ်းချမ်းနေပီ မရယ် ကျွန်တော်ကို ထီးလေးနည်းနည်းမမိုးပေးချင်ဘူးလား '' တုန်ခါနေသော အသံဖြင့်ပြောလိုက်သည်
သူပြောလိုက်သော စကားသံက ကျွန်မ ရင်ထဲ တစ်မျိုးလေး ဖြစ်သွားသည် ကိုယ့်ကိုကိုယ် ပြန်မေးမိလိုက်သည် သံစဉ် နင် ကောင်လေးကို သနားသွားတာလား စဉ်းစားမိလိုက်တဲ့ အချိန်မှာပဲ ကျွန်မ ကောင်လေးအား တုန့်ပြန်၍ ပြောဆိုလိုက်သည်
'' မင်း မှာ ဒို့ အတွက် အချိန်တွေ ပေါနေတာပဲ ဒီလို မိုးရေတွေကြားထဲမှာ မင်းဒို့ကို စောင့်နေတော့ မင်းက လူမိုက်ပေါ့ ကဲ ကောင်လေးရေ အရှေ့မှာဆို ဒို့အိမ်ရောက်တော့မယ် ဆတ်မလိုက်တော့နဲ့ ဒို့အိမ်က တွေ့သွားရင် ဒို့နဲ့ မင်းနဲ့ကို တစ်မျိုးထင်နေမယ် '' ဟုပြောပြီး ကျွန်မ အိမ်သို့ဦးတည်၍ လျှောက်လှမ်းလာခဲ့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒေါက်ဒေါက် တခါးခေါက်သံကြားလိုက်၍ ကျွန်မ တခါး ပေါက်ဝသို့ လှမ်းကြည့်လိုက်သည်
'' ငါ့သမီးလေး ကြာတယ်ကြာတယ် ဆိုပြီး ဝင်လာတာ အံမယ် လက်စသက်တော့ ငါ့သမီးက အလှတွေပြင်နေတာကို ဘာလဲ ချစ်သူရီးစားတွေ ရနေပြီလား မေမေကိုပြောစမ်း'' မေမေ မေးလိုက်သော စကားသံကြောင့် ကျွန်မ ခါကနည်း ဖြစ်သွားသည်
'' ဟာ မေမေကလဲ အလှပြင်တိုင်းနဲ့ ချစ်သူရီးစားရစရာ လား မေမေသမီးက ဘယ်ကောင်လေး ဘယ်ယောက်ျားလေး ကိုမှ ဒီနေ့ ဒီအချိန်ထိ ရင် မခုန်သေးဘူး နော် အခုအလှပြင်တာလဲ အလုပ်ထဲက ဝန်ထမ်းတစ်ဦးက ဒီနေ့ သူတို့အိမ်မှာ အလှူလုပ်လို့ နေ့လည်ဘက် ထမင်းစားဖို့ ကုမ္မဏီက ဝန်းထမ်းတွေအားလုံးကို ဖိတ်ထားလို့ အဲ့တာ သွားရင် လှလှ ပပလေးဖြစ်အောင် ဆိုလို့ နည်းနည်းလေး ပြင်ဆင်တာပါ မေမေရယ် ''
'' အော်မသိပါဘူး သမီးရယ် မေမေက ချစ်သူရီးစားတွေများရနေပြီ လားလို့ပါကွယ် '' မေမေ ရဲ့ ပြောလိုက်သောစကားသံကြောင် ကျွန်မ အတွေးထဲ ကောင်လေး၏ ပုံရိပ်တွေ မြင်လာမိသည် ရုတ်တရက် ကျွန်မ သတိလက်လွတ် ဖြစ်သွားသည်
'' ဟဲ့ ဒီကောင်မလေး ဘာတွေ စဉ်းစားနေတာလဲ '' မေမေ ပြောလာသော စကားသံကြောင် ကျွန်မ ရုတ်တရက် လန့်သွားသလို ဖြစ်ခဲ့သည်
'' အမလေး မေမေရယ် လန့်လိုက် တာ ''
'' အေးပါ သမီး မေမေသမီးကို အရေးကြီးတဲ့ စကားပြောစရာရှိတယ် ကွဲ့ '' မေမေပြောမဲ့စကားကို ကျွန်မသိနေပြီ
'' ဘာလဲ ညည်းအိမ်ထောင် မပြုသေးဘူးလား ငါ့တို့မြေးချီချင်နေပြီ ဘယ်တော့မှချေရမှလဲ ဒါပဲပြောမလို့မလား '' ကျွန်မပြောလိုက်သော စကားသံကြောင့်
'' ဟုတ်တာပဲလေ သီမီးရယ် မေမေမှာလဲ ဒါပဲ ပြောစရာရှိတာကိုကွဲ့ သမီးနဲ့ ကျောင်းနေဖက် ဘွဲ့ဆိုလဲ တူတူရခဲ့တဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေ ဆိုရင် အကုန်လုံး အိမ်ထောင်ရပ်သားတွေ ကျ သားသမီးကိုယ်စီနဲ့ ''
'' တော်ပီ မေမေရယ် သမီး အလုပ်နောက်ကျနေတော့မယ် သွားတော့မယ် '' ကျွန်မ မေမေပြောသော စကားကို လှည့်၍ အလုပ်သွားရန် ပြင်ဆင်လိုက်သည်
'' ဟော တွေ့လား ပြောလိုက်ရင်ဒီလိုပဲ ညည်းအတွက် ငါရင်လေးတယ် အော် ဒီကလေးမလေးနဲ့တော့ ခတ်နေပါပီအေ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီနေ့ အလုပ်က ပြန်တာ နောက်ကျသည် စာရင်းတွေ လုပ်နေသောကြောင့် ကြနေခဲ့သည် အချိန်ကလဲ တော်တော်လေး ညည်းနက်နေသည် ကျွန်မ ခြေလှမ်းတွေကို ခတ်သွတ်သွတ် လေးလျှောက်လှမ်းခဲ့သည် လမ်းခုလတ်တစ်နေရာတွင်တော့
'' ဟဲ့ ရောင် သားကြီး မင်းကြွေနေနဲ့ မမ ဟော ဟိုမှာ လာနေပါပြီဗျာ ''
'' အေး အေး ဟုတ်သားပဲကွ ကဲ မင်းအရက်ပုလင်းခဏကိုင်ထားကွာ ငါသွားပွားလိုက်အုံးမယ် ''
ကျွန်မလျှောက်လှမ်းလာသော ခြေလှမ်းတွေရဲ့ ရှေ့သို့ ခန္တာကိုယ်ကို ယိုင်တိယိုင်တိုင်နဲ့ ဖြစ်နေသော သူတစ်ယောက် ပေါ်ထွက်လာသည်
'' ဟေး ဒီနေ့ တစ်ယောက်ထဲလား အဖော်မပါဘူးလား '' ထိုသူမေးလာသော စကားသံကြောင့်ကျွန်မ
'' ရှင် ဘယ်နှယောက် မြင်နေလို့လဲ ဒီမှာနော် ကိုယ့်လမ်းကို ကိုယ်သွားပါ လာမနှောင့်ယှက်ပါနဲ့ ''
ကျွန်မ စိတ်တိုသော အသံလေးဖြင့် ကျွန်မခြေလှမ်းတွေကို ရပ်တန့်သွားအောင် နှောက်ယှက်သော သူအားပြန်ပြောလိုက်သည်
ကျွန်မ စိတ်တိုသော အသံလေးဖြင့် ကျွန်မခြေလှမ်းတွေကို ရပ်တန့်သွားအောင် နှောက်ယှက်သော သူအားပြန်ပြောလိုက်သည်
'' ဟာ ရန်တွေ့တဲ့ ပုံလေးက ချစ်စရာလေးပါလား တကယ်ဗျာ ကျွန်တော် ကြွေသွားပြီ ''
ကျွန်မ သတိတစ်ချက် ဝင်လာသည် ခါတိုင်းဆိုရင် ကျွန်မနောက်ကလိုက်နေသော ကောင်လေး ဒီနေ့ ဘာလို့ မပေါ်လာတာပါလိမ့် မနေ့က မိုးမိထားသောကြောင့် ဖျားနေတာလား တမ်းတမိလိုက်သည် ကောင်းလေးရေ ငါ့ကို နှောက်ယှက်တဲ့သူတွေ ရှိနေပြီ စိတ်ထဲက အလိုလို ကောင်းလေးက တမ်းတနေမိသည်
'' ရှင် တို့တွေ နော် ကျွန်မကို မိန်းမသားတစ်ယောက်ထဲ လမ်းလျှောက်လာတယ် ဆိုပြီး ရိသဲ့သဲ့တော့ လာမလုပ်နဲ့နော် ကျွန်မကို ဘာထင်နေလဲ '' ပြောသာပြောလိုက်ရသည် ကျွန်မစိတ်ထဲမှာတော့ ကြောက်စိတ်တွေနဲ့ ပြည့်နေသည်
ကျွန်မ လက်ကလေးအား ကိုင်ရန် ပြုနေသော ထိုသူအား ကျွန်မ ခုခံရန် ကျွန်မလက်ကလေးအား ပြင်ဆင်လိုက်ချိန်တွင်
'' ဟား ဟား ဟား ဟား ဒီလို လုပ်လို့ မရဘူးလေ သဘောကောင်းမှာပေါ့ '' ခုခံရန်ပြင်ဆင်လိုက်သော ကျွန်မ လက်ကလေးအား ထိုလူက ဆုတ်ကိုင်ပြီး ပြောလိုက်သသည် ကျွန်မ ကြောက်စိတ်တွေနဲ့ပြည့်နေသည် တမ်းလဲ တမ်းတမိနေသည် ကျွန်မ တမ်းတမိနေချိန်မှာပဲ
'' ဟဲ့ ရောင်တွေ ငါ့ မမ ရဲ့ လက်ကို အခု လွတ်စမ်း'' ထွက်ပေါ်လာသော စကားသံ၏ပိုင်ရှင်မှာ ကျွန်မတမ်းတနေသော ကောင်လေးပင်ဖြစ်သည် ကျွန်မ အရမ်းပျော်မိလိုက်သည်
'' ညီလေး မင်းနဲ့မဆိုင်ရင် မင်းဝင်မပါနဲ့ မင်းလမ်းကိုမင်းသွားပါ''
'' ကျုပ်နဲ့ဆိုင်လို့ ကျုပ်ပြောတာဗျ ဘာလို့ လဲ ဆိုတော့ သူက ကျုပ်ချစ်နေရတဲ့ ကျုပ်ချစ်သူပဲဗျ''
ကောင်းလေး ပြောလိုက်သော စကားသံကြောင် ကျွန်မ တုန်ခါသွားသည်
'' ခင်ဗျားတို့ ဖယ်မလားမဖယ်ဘူးလား ဒါပဲပြော ကျုပ်က ကျုပ် မ ကို ထိနေ သိခံနေမှာ မဟုတ်ဘူးနော် '' ကောင်လေးပြောလိုက်သော စကားသံမှာ ဒေါသထွက်သော အသံဖြစ်နေသည်
'' မင်းက ငါတို့ ဖန်တီးနေတဲ့ ဂွင်ထဲဝင်လာမှတော့ လဲ မင်းနည်းနည်းတော့ ပညာပြရတာပေါ့ကွာ ''
ခွပ် ခွပ် ခွမ်း ကောင်းလေးနဲ့ ထိုသူတို့ အညင်းပွား ရန်ဖြစ်နေကြသည် အပေါင်းဖော် တစ်ယောက်က ကိုင်ဆောင်ထားသော အရက်ပုလင်းဖြင့်
'' ကောင်လေးးးးးးးးးးးးးးးးးးးးးးးးးးး'' ကျွန်မထိတ်လန့်စွာ အော်ဟစ်လိုက်သည် ထိုအချိန်တွင်ပဲ
ခွမ်းးးးးးးးးးးးးးးးးး ကိုင်ဆောင်ထားသော အရက်ပုလင်းဖြင့် ကောင်လေး ဦးခေါင်းအား ရိုက်နှပ်လိုက်သည် ထိုသူများလဲ ကောင်လေးအား ရိုက်၍ ခြေကုန်သုတ်ပြီး နေရာမှ ထွက်ပြေးသွားသည် ကျွန်မ စိုရိမ်းမိသွားသည် ကျွန်မမျက်လုံးတွေ ကောင်လေးဦးခေါင်းကိုသာ ကြည့်ပြီး ကျွန်မ ခြေလှမ်းတွေ ကောင်လေးဆီသို့သာ ရောက်သွားသည်
'' ကောင်လေး ဘာဖြစ်သွားသေးလဲ ဘာနေရာထိသွားသေလဲ '' ကျွန်မ ကောင်လေးအား စိုးရိမ်စိတ်ဖြင့် မေးခွန်တွေပဲ ထပ်ခါထပ်ခါ မေးနေမိသည် ထိုအချိန်တွင်
အားးးးးးးးးးးးးးးးးးးးးးအားးးးးးးးးးးးးးးးးးးးးးးးနာကျင်သော အသံအား ကောင်လေးပါးစပ်ဖျားမှ ကျွန်မ ကြားမိလိုက်သည်
'' ကောင်လေး ရလာဟင် ဖြစ်လားဟင် ''
'' ရ ရ ရပါတယ် မ ရယ် '' ခေါင်းအား လက်ကလေးဖြင့် အုပ်၍ ပြောဆိုသော ကောင်လေးအား ကျွန်မစိုးရိမ်စိတ်ဖြင့် သူ၏ခေါင်းအား ကျွန်မ ကြည့်မိလိုက်သည်
'' ဟင် '' ကျွန်မထိတ်လန့်သွားသည် '' သွေးတွေ ကောင်းလေး မင်းခေါင်းမှာ သွေးတွေ ဆေးခန်းသွားမလား မလိုက်ပို့ပေးမယ်လေ ''
'' ရပါတယ်ဗျာ ဆေးခန်းသွားလောက်တဲ့ အထိလဲ မဖြစ်ပါဘူး အားးးးးးးးးးးးးးးအားးးးးးးးးး
ကျွန်မ စိုးရိမ်မိသွားတာတော့ အမှန်ပင်ဖြစ်သည် ထိုအချိန်တွင်
'' မ ကျွန်တော်ကို တစ်ခုလောက် ကူညီပါလားဗျာ ''
'' ဒို့ ဘာကူညီပေးရမလဲ ပြောလေ ကောင်လေး'' ကျွန်မ ကောင်လေးအားရေးကြီးသုတ်ဖြာမေးမိလိုက်သည်
'' ကျွန်တော် နာကျင်နေတဲ့ အရာတွေကို သတ်သာပျောက်ကင်းသွားအောင် မ ရဲ့ လက်ကလေးကို ကျွန်တော်ရင်ခွင်ထဲကို ခဏလောက် ထည့်ပေးထားပါလား မရယ်''
'' အို.....................ကောင်လေးနော်'' ကျွန်မ ရှက်သောအသံဖြင့်ပြောမိလိုက်ချိန်မှာပဲ သွေးလေးတွေပေနေသော ကောင်လေးလက်ကလေးကတော့ ကျွန်မလက်ကလေးကို ကိုင်ဆောင်ပြီးနေပြီ
'' မရယ် ကျွန်တော် မကို တကယ်ချစ်ခဲ့တာပါ မယုံကြည်ပေးပါဗျာ ကျွန်တော်ဘဝရဲ့ သတို့သမီး က မ ပါပဲဗျာ ကျွန်တော်နှလုံးသားရဲ့ ပိုင်ရှင်လေးကလဲ မပါပဲဗျာ '' ကောင်လေး ကျွန်မကို ရီးစား စကားတွေ ပြောနေမိပီ ဟိုတုန်းကဆို ကျွန်မ တုန့်ပြန်ပီးပြောဆိုနေသော ကျွန်မ အခုချိန်တွင် ဘာမှ မလုပ်နိုင်တော့ ကိုယ့်ကိုကိုယ်လဲ မေးကြည့်မိလိုက်သည် ကျွန်မ ကောင်လေးကို ချစ်နေမိပီလား သေချာပြီ ကျွန်မ ကောင်လေးကို ချစ်နေမိပြီ ဘယ်အချိန်ကချစ်နေမိပြီ လဲ ဆိုတာကိုတော့ ကျွန်မ မသိလိုက်ပါ ကျွန်မ စဉ်းစားမိနေချိန်မှာပဲ
'' မ ကျွန်တော် မေးတာလေးလဲ ပြန်ပြောအုံးလေဗျာ '' ထွက်ပေါ်လာသော သူ့စကားသံကြောင် ကျွန်မ
'' ဒို့ လဲ ကောင်လေး လိုပါပဲ ''
'' ဒါဆို မ တကယ်ပြောတာပေါ့နော် ကျွန်တော် အရမ်းဝမ်းသာတာပဲ မရယ် '' ပြောလိုက်သော စကားနဲ့အတူ ကောင်လေးက သူ့ရင်ခွင်ထဲသို့ ကျွန်မအား ပွေ့ဖက် လိုက်သည်
'' အို ................... ကောင်လေးနော် မ ရှက်တယ်????????..........................?????????///////////////????????????????????..........................,,,,,,,,,,,,,,,,,,,
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၅လ ခန့်ကြာပြီသော အခါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' မ '' ကောင်လေး ခေါ်သံကြောင့် ကျွန်မ
'' ပြော လေ ကောင်လေး ဘာဖြစ်လို့လဲ '' ကျွန်မပြန်ပြောလိုက်သော စကားသံအဆုံးတွင်တော့
'' ဟိုးးးးးးးးးးမှာကြည့် '' ကောင်လေး လက်ညိုးထိုးပြရာနေရာသို့ ကျွန်မ မော့ကြည့်လိုက်သည်
'' တွေ့လား မ ''
'' တွေ့တယ်လေ ဌက်ကလေး နှစ်ကောင်လေ ဘာဖြစ်လို့လဲ ကောင်လေးရဲ့ ''
'' ဘာရယ်လို့တော့ မဟုတ်ပါဘူး သူတို့ နှစ်ကောင်ကလဲ ကျွန်တော်နဲ့မနဲ့လို ချစ်သူတွေလားမသိဘူးနော် '' ကောင်းလေး မေးလိုက်သော မေးခွန်းကြောင့် ကျွန်မ ပြုံးမိလိုက်သည်
'' သိချင်ရင် မေးကြည့်လေ ကောင်းလေးရ '' ကျွန်မ ပြန်ပြောလိုက်သော စကားအပြီးတွင်တော့ သူရဲ့ လက်ကလေးတွေက ကျွန်မကိုပွေ့ပိုက်ပြီး ဆံနွယ်လေးတွေ ကျနေသော ကျွန်မနဖူးပြင်အား ကောင်လေးလက်ကလေးဖြင့် သိမ်းပေပြီး သူရဲ့ နှာတံလေးက ကျွန်မ နဖူးပြင်သို့
'' ဟာ ကောင်လေးနော် ပန်းခြံထဲမှာ လူတွေ အများကြီးပဲ မ ရှက်တယ်ကွာ''
'' ဟာ မကလဲ ဘာဖြစ်လဲ သူများသမီးရီးစားတွေလဲ ဒီလိုပဲ ဟာကို ''
'' ဟာ ကောင်လေးနော် ကောင်လေး'' ပြောမရတဲ့ အဆုံး ကျွန်မ သူရဲ့နှာတံလေးအား လက်ကလေးဖြင့် ညင်သာစွာညစ်ပြီး ထိုင်နေသော ထိုင်ခုန်လေးမှ ပြေးထွက်သွားခဲ့သည်
'' ဟာ မ က ပြေးတယ်ပေါ့လေ ဟုတ်လား အေး မိရင် အနမ်း အခါတစ်ရာ ပေးပြစ်မယ် လွတ်အောင်ပြေးပေတော့ ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကောင်လေးရယ် ငါ့နှလုံးသားကို မင်းချုပ်ကိုင်နိုင်ခဲ့တယ် ဘယ်သူ့ကိုမှ ရင်မခုန်ဘူးသေးသော ကျွန်မ ကောင်လေးနဲ့တွေ့မှပဲ ကျွန်မနှလုံးသား အရည်ပျော်ကျသွားသည်
ထိုင်နေကျ နေရာလေးတွေ့နေကျနေရာလေးတွေကတော့ အရင် အတိုင်းပဲ ဘာတစ်ခုမှ မပြောင်းလဲ ခဲ့ပေ သတိရမိနေသည် ကောင်လေးနဲ့ ကျွန်မ မတွေ့ ဖြစ်တာ ၁၀ရက်လောက် ရှိနေပြီ အရင်ချိန်တွေတုန်းက ကောင်လေးရဲ့ ယုယ ချစ်ခင်မှူနဲ့ နေထိုင်ခဲ့တဲ့ကျွန်မ ကောင်လေးနဲ့မတွေ့ရတဲ့ အချိန်တွေမှာ ရင်ထဲမှာ စို့နစ်နေသည်
ကောင်းကင်ထက်ဆီမှ ပျံသန်းသွားသော ဌက်ကလေးတွေကို ကျွန်မ ငေးကြည့်မိနေသည် ကောင်လေးရယ် ဘာဖြစ်လို့ ပေါ်မလာတာလဲကွယ် နေများမကောင်းလို့လား ဘာတွေဖြစ်နေတာလဲ ကျွန်မ အတွေးပေါင်းစုံ တွေးနေမိသည် တွေးမိနေချိန်မှာပဲ
'' မ '' ခေါ်သံတစ်ခုကြောင့် ကျွန်မ အသံကြားရာ အရပ်သို့ လှည့်ကြည့်လိုက်သည်
'' ဟင် ကောင်လေး '' ကျွန်မအနားသို့ သူပြေးလာသည်
'' အရမ်းသိတိရနေတာ မရယ် '' ကောင်လေးပြောသောစကားသံကြောင် ကျွန်မပြန်ပြောမိလိုက်သည်
'' သွားပါ ဒီင်္ကဖြစ် သူ့ကို သတိရနေတာ ဘယ်တွေသွားနေတာလဲ ဘာလို့မလာတာလဲ ဘာတွေလုပ်နေတာလဲ '' ကျွန်မမေးခွန်းပေါင်းစုံ မေးနေမိလိုက်သည်
'' ဟာ မကလဲ မေးခွန်းတွေက များလိုက်တာ မရယ် ကျွန်တော် ဘယ်ကနော် စဖြေရမှာလဲ ''
'' သွား စိတ်ဆိုးတယ် ၁၀ရက် စကားမပြောဘူး လာခေါ်နဲ့'' ကျွန်မစိတ်ဆိုးသော ပုံစံလေးဖြင့်ပြောမိလိုက်သည်
'' မ ကလဲ ကျွန်တော် နယ်ကို သွားတယ် ဆိုပြီး ပြောထားခဲ့တယ်လေ ''
'' ဘယ်မှာပြောခဲ့လို့လဲ ဘာသူနဲ့ပြောခိုင်းလို့လဲ '' ကျွန်မ မေးလိုက်သောစကား အဆုံးမှာတော့ ကောင်လေးက လက်ညိုးထိုပြသည်
'' ဒီမှာလေ မ ကလဲ '' ကောင်လေး လက်ညိုးထိုးပြသော နေရာလေးကတော့ ကျွန်မတို့ နှစ်ယောက် ထိုင်နေကျဖြစ်တဲ့ ထိုင်ခုန်လေးပင် ဖြစ်သည်
'' တွေ့တယ် မလား ကျွန်တော် ၁၀ရက်လောက် မလာနိုင်ဘူး နယ်က ဦးလေး ကျန်းမာရေး မကောင်းလို့လို့ ရေးပြထားတာကို မ ကတော့လေ ကိုထိုင်နေတဲ့ ထိုင်ခုန်မှာ လိုက်မကြည့်ဘူး''
'' တော်ပြီ ကွာ စိတ်ဆိုးတယ် ပြန်တော့မယ် '' ကျွန်မ ခန္တကိုယ်လေးအား ယိုင်းနွဲ့ လိုက်ချိန်မှာပဲ ကောင်းလေး၏ လက်ကလေးက ကျွန်မ အားပွေ့ပိုက်လျှက်
'' ဒီလို လုပ်လို့ မရဘူးလေ မကလဲ ကျွန်တော် အရမ်းလွမ်းနေတာ '' သူပြောလိုက်သော စကားသံနဲ့အတူ ကျွန်မ ခန္တကိုယ်လေးမှာတော့ ကောင်လေး၏ ရင်ခွင်ထဲတွင်
'' အို.....................ကောင်လေးနော် ''
'' ဒီတစ်ခါတော့ မ ကို နမ်းဖြင့်အောင်ကို နမ်းမယ် လွတ်မပေးတော့ဘူး ''
'' ဟာ ဟာ ဟာ ဟာ ကောင်းလေးနော် မင်းအရမ်းဆိုးတာပဲ '' ကျွန်မ ရဲ့ ခန္တကိုယ်လေးမှာတော့ ကောင်လေး ၏ရင်ခွင်ထဲမှာပင် ကောင်လေးရယ် မ ဘဝရဲ့ ပဲ့ကိုင်ရှင်ကလဲ ကောင်လေးပါပဲ မ ဘဝရဲ့ အချစ်ဦးကလဲ ကောင်လေးပါပဲကွယ်
နွေးထွေးမှူတွေ အပြည့်ရှိနေတဲ့ ကောင်လေး ရင်ခွင်လေးထဲအား ကျွန်မ တိုးဝှေ့ အိပ်စက်လိုက်သည် ကျစ်ကျစ်ပါအောင် ဖတ်ထားသော ကောင်လေးရဲက မျက်နှာလေးအား မော့ကြည့်ရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူငယ်ချင်း မိတ်တွေများအားလုံးအား အစဉ်ထာဝရ ချစ်ခင်လေးစားလျှက်
....................................................................................................................
No comments:
Post a Comment