အရိပ်ရသစ်တစ်ပင်အောက်မှာ
ကျွန်တော်အိပ်စက်မိတုန်း
မက်ခဲ့တဲ့အိပ်မက်တစ်ခု
ကမ္ဘာမြေတစ်ခုလုံး သစ်တောတွေဖုံး
ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းသာယာနေလိုက်ပုံများ
တာဝတိံသာ နန္ဒ၀န် (ဥယျာဉ် )ထင်ရတယ်....။
ဗြုန်းကနဲ အိပ်မက်ကလန့် နိုး
တဗြောဗြော နဲ့  သစ်ပင်တွေပြိုကျနေလိုက်တာ
သစ်ပင်ညာည်းညူသံတွေညံ
ကမ္ဘာမြေလည်း အခွံပဲကျန်တော့တယ်...။
ငလျင်လှုပ်တယ် တာလေ (တာချီလိတ်)မှာလေ ။
ဆူနာမီလှုပ်တယ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာလေ။
ဂျပန်မှာ လှုပ်တဲ့ငလျင် မှတ်မိဦးမှာပေါ့
အမျိုးသမီးဘောလုံးအသင်းက
ကမ္ဘာ့ ဖလားဆုကြီးနဲ့  ပြည်သူတွေမျက်ရည်သုတ်ပေးခဲ့ရသေးတယ်။
သစ်တောပြုန်းတဲ့ ဘေးဒဏ်
သဘာဝပတ်ဝန်းကျင် သုဉ်းတဲ့ဘေးဒဏ်
ကျွန်တော်တွေခံရတာ......
လူတစ်ဦးက စ
လူအားလုံးလိုလို သစ်ပင်တွေ သတ်ပစ်လို့ ဖြစ်တယ်။
ကမ္ဘာမြေကို ပြန်ကယ်တင်ဖို့ 
သစ်ပင်တွေ စိုက်ဖို့ လိုတယ်..
လူတစ်ဦးက စ
သစ်တစ်ပင်စိုက်ပါ...
လူအားလုံးကိုယ်စီ စိုက်ကြရင်
ကမ္ဘာမြေသာယာ ပြန်လည်စိမ်းလန်းလာမှာ အမှန်ပါ။
သဘောဝဘေးဒဏ်တွေ ပြန်လည်လျော့ပါးလာမှာ ဧကန်ပါ။
No comments:
Post a Comment